တာေလၿမိဳ႕နယ္ မိုင္းလင္းဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘဒၵႏၲဝိမလ၏ သက္ေတာ္ ၆၁ ႏွစ္ျပည့္ ဝိဇာတေမြးေန႔ အလွဴေတာ္ မဂၤလာျပဳလုပ္

တာေလၿမိဳ႕နယ္ မိုင္းလင္းဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘဒၵႏၲဝိမလ၏ သက္ေတာ္ ၆၁ ႏွစ္ျပည့္ ဝိဇာတေမြးေန႔ အလွဴေတာ္ မဂၤလာျပဳလုပ္ 

ေနျပည္ေတာ္ ဇန္နဝါရီ ၁ဝ 

 

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာေလၿမိဳ႕နယ္ မိုင္းလင္းဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘဒၵႏၲဝိမလ၏ သက္ေတာ္ ၆၁ ႏွစ္ျပည့္ ဝိဇာတေမြးေန႔ အလွဴေတာ္မဂၤလာကို ဇန္နဝါရီ ၉ ရက္ နံနက္ပိုင္းတြင္ မုိင္းလင္းေက်းရြာ အုပ္စုရွိ ဓါတ္စြပ္စိုင့္ဟိုနမ့္ ကမၼ႒ာန္းေက်ာင္းတိုက္၌ ျပဳလုပ္ရာ သံဃာေတာ္ ၁၁ဝ ပါး ၾကြေရာက္ေတာ္မူၾကၿပီး ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ား တက္ေရာက္ၾကသည္။ ဦးစြာ တိုင္းမွဴးႏွင့္ အလွဴရွင္မ်ားက ၾကြေရာက္လာၾကေသာ သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းႏွင့္ ဆြမ္းဆန္စိမ္းမ်ား ဆက္ကပ္ေလာင္းလွဴၾကသည္။ 

 

ထုိ႔ေနာက္ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက မိုင္းလင္း ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ ထို႔ျပင္ တိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က သံဃာေတာ္ ၄၂ ပါးႏွင့္ ေဒသခံျပည္သူ ၂၅၃ ဦးတို႔ကို အဆိုပါ ေက်ာင္းတုိက္၌ ေသြးတိုးေရာဂါ၊ ႏွလုံးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊အစာအိမ္ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးရာ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက လိုက္လံၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

တာလေမြို့နယ် မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ၏ သက်တော် ၆၁ နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော် မင်္ဂလာပြုလုပ် 

နေပြည်တော် ဇန်နဝါရီ ၁ဝ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့နယ် မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ၏ သက်တော် ၆၁ နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် မိုင်းလင်းကျေးရွာ အုပ်စုရှိ ဓါတ်စွပ်စိုင့်ဟိုနမ့် ကမ္မဋ္ဌာန်းကျောင်းတိုက်၌ ပြုလုပ်ရာ သံဃာတော် ၁၁ဝ ပါး ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် အလှူရှင်များက ကြွရောက်လာကြသော သံဃာတော်များအား လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လောင်းလှူကြသည်။ 

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မိုင်းလင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က သံဃာတော် ၄၂ ပါးနှင့် ဒေသခံပြည်သူ ၂၅၃ ဦးတို့ကို အဆိုပါ ကျောင်းတိုက်၌ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊အစာအိမ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News