ပုေလာၿမိဳ႕နယ္ အထက္ေပါင္းေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ပုေလာၿမိဳ႕နယ္ အထက္ေပါင္းေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇန္နဝါရီ ၁ဝ

 

 တနသၤာရီတုိင္းေဒသႀကီး ပုေလာၿမိဳ႕နယ္ ေတာင္ယာကမ္းေက်းရြာ အုပ္စုအတြင္းရွိ အထက္ေပါင္းေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားရွိ သံဃာေတာ္မ်ား၊ ေက်ာင္းသား၊ေက်ာင္းသူမ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ဇန္နဝါရီ ၉ ရက္ နံနက္ပုိင္းတြင္ ကမ္း႐ိုးတန္းေဒသတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်းရြာရွိ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ ေလးပါး၊ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၈၄ ဦးႏွင့္ ေဒသခံျပည္သူ ၁၃၅ ဦးတုိ႔ကုိ သြားႏွင့္ခံတြင္းေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ ေဆးဝါးကုသျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ဆီးခ်ဳိ၊ ေသြးခ်ဳိ စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ယင္းသို႔ ေဆာင္ရြက္ေပးမႈမ်ားကို တုိင္းမွဴး ဗုိလ္ခ်ဳပ္ေသာင္းထုိက္ေရႊႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ၍ လုိအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးၿပီး ေက်ာင္းထုိင္ ဆရာေတာ္ ဘဒၵႏၲအာဒိစၥအား ဖူးေျမာ္ကာ ဆြမ္းဆန္၊ ဆီႏွင့္လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္း ခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

ပုလောမြို့နယ် အထက်ပေါင်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇန်နဝါရီ ၁ဝ 

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာ အုပ်စုအတွင်းရှိ အထက်ပေါင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များ၊ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများအား ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် လေးပါး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၈၄ ဦးနှင့် ဒေသခံပြည်သူ ၁၃၅ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးပြီး ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တအာဒိစ္စအား ဖူးမြော်ကာ ဆွမ်းဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News