ေရးၿမိဳ႕နယ္ ကုလားကုတ္ကြၽန္း ေက်းရြာအုပ္စု ေအာက္ဆိပ္ေက်းရြာရွိ ေလေဘးသင့္ျပည္သူမ်ားအား သြားေရာက္ေတြ႕ဆုံ၊ ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္

ေရးၿမိဳ႕နယ္ ကုလားကုတ္ကြၽန္း ေက်းရြာအုပ္စု ေအာက္ဆိပ္ေက်းရြာရွိ ေလေဘးသင့္ျပည္သူမ်ားအား သြားေရာက္ေတြ႕ဆုံ၊ ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္ 

ေနျပည္ေတာ္ ဇန္နဝါရီ ၁ဝ 

 

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္အတြင္း ဇန္နဝါရီ ၈ ရက္ နံနက္ပိုင္းတြင္ မုိးသည္းထန္စြာ ရြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ကုလားကုတ္ကြၽန္း ေက်းရြာအုပ္စု ေအာက္ဆိပ္ေက်းရြာရွိ လူေနအိမ္မ်ားႏွင့္ အေျခခံပညာ အထက္တန္းေက်ာင္းတို႔ အမိုးလန္ၿပိဳက် ပ်က္စီးျခင္းမ်ားျဖစ္ေပၚခဲ့သည္။ အဆုိပါေက်းရြာရွိ ေလေဘးသင့္ျပည္သူမ်ားအား ဇန္နဝါရီ ၉ ရက္ နံနက္ပိုင္းတြင္ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးမိုးေအာင္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေထာက္ပံ့ပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ 

 

ထို႔ျပင္ နယ္ေျမခံတပ္မေတာ္သားမ်ားက ေလျပင္းတိုက္ခတ္မႈေၾကာင့္ ၿပိဳက်ပ်က္စီးသြားေသာ အေဆာက္အအုံမ်ားႏွင့္ အပ်က္အစီးမ်ားအား ဖယ္ရွားရွင္းလင္းေပးျခင္း၊ ေနအိမ္မ်ား ျပန္လည္ျပဳျပင္ ေဆာင္ရြက္ေပးျခင္းႏွင့္ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးလ်က္ရွိရာ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ၾကည့္႐ႈအားေပးၿပီး လိုအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ေပးသည္။

 

ထို႔ေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေအာက္ဆိပ္ေက်ာင္းေဟာင္း ဆရာေတာ္ ဘဒၵႏၲနာဂသိမ္နအား ဖူးေျမာ္၍ လွဴဖြယ္ ဝတၴဳပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

ရေးမြို့နယ် ကုလားကုတ်ကျွန်း ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ် 

နေပြည်တော် ဇန်နဝါရီ ၁ဝ 

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကုလားကုတ်ကျွန်း ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာရှိ လူနေအိမ်များနှင့် အခြေခံပညာ အထက်တန်းကျောင်းတို့ အမိုးလန်ပြိုကျ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။ အဆိုပါကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 

ထို့ပြင် နယ်မြေခံတပ်မတော်သားများက လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အအုံများနှင့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ နေအိမ်များ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခြင်းနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အောက်ဆိပ်ကျောင်းဟောင်း ဆရာတော် ဘဒ္ဒန္တနာဂသိမ်နအား ဖူးမြော်၍ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Recent News