တပ္မေတာ္(ေရ) အရာရွိငယ္(စီမံခန္႔ခြဲေရး) သင္တန္းအမွတ္စဥ္(၇၈)ႏွင့္ တပ္မေတာ္(ေရ) အရာရွိငယ္(အင္ဂ်င္နီယာ) သင္တန္းအမွတ္စဥ္(၅၂) သင္တန္းဆင္းပြဲ ဂုဏ္ျပဳညစာ စားပြဲ က်င္းပ

တပ္မေတာ္(ေရ) အရာရွိငယ္(စီမံခန္႔ခြဲေရး) သင္တန္းအမွတ္စဥ္(၇၈)ႏွင့္ တပ္မေတာ္(ေရ) အရာရွိငယ္(အင္ဂ်င္နီယာ) သင္တန္းအမွတ္စဥ္(၅၂) သင္တန္းဆင္းပြဲ ဂုဏ္ျပဳညစာ စားပြဲ က်င္းပ 

ေနျပည္ေတာ္ ဇန္နဝါရီ ၁ဝ 

 

တပ္မေတာ္(ေရ)အရာရွိငယ္ (စီမံခန္႔ခြဲေရး) သင္တန္းအမွတ္စဥ္(၇၈)ႏွင့္ တပ္မေတာ္(ေရ) အရာရွိငယ္(အင္ဂ်င္နီယာ) သင္တန္း အမွတ္စဥ္(၅၂)သင္တန္းဆင္းပြဲ ဂုဏ္ျပဳညစာစားပြဲ အခမ္းအနားကို ယေန႔ညပိုင္းတြင္ သန္လ်င္တပ္နယ္၊ ေရတပ္ေလ့က်င့္ေရး ဌာနခ်ဳပ္၌က်င္းပရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကိုယ္စား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း တက္ေရာက္ ခ်ီးျမႇင့္သည္။ 

 

အဆိုပါအခမ္းအနားသို႔ အၿငိမ္းစား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ )မ်ား၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ဳိးေဇာ္သိန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္သက္ပံု၊ ရန္ကုန္တပ္နယ္ႏွင့္ သန္လ်င္တပ္နယ္တို႔မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေက်ာင္းဆင္းအရာရွိမ်ား၏ မိဘေဆြမ်ဳိးမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ ဂုဏ္ျပဳညစာစားပြဲ က်င္းပေနစဥ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)၊ ျပည္သူ႔ ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ံုး ကြပ္ကဲမႈေအာက္ရွိ အႏုပညာ ေဖ်ာ္ေျဖေရး အဖြဲ႕ႏွင့္ ေရတပ္စစ္တီးဝိုင္း အဖြဲ႕တို႔မွ ေတးသီခ်င္းမ်ားျဖင့္ ဧည့္ခံ ေဖ်ာ္ေျဖၾကသည္။ 

 

ညစာစားပြဲအခမ္းအနား အၿပီးတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းသည္ ေက်ာင္းဆင္း အရာရွိမ်ားႏွင့္ ၎တို႔၏ မိဘေဆြမ်ဳိးမ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

တပ်မတော်(ရေ) အရာရှိငယ်(စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၇၈)နှင့် တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၂) သင်တန်းဆင်းပွဲ ဂုဏ်ပြုညစာ စားပွဲ ကျင်းပ 

နေပြည်တော် ဇန်နဝါရီ ၁ဝ 

တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၇၈)နှင့် တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၅၂)သင်တန်းဆင်းပွဲ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်၌ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက် ချီးမြှင့်သည်။ 

အဆိုပါအခမ်းအနားသို့ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ )များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများ၊ ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဂုဏ်ပြုညစာစားပွဲ ကျင်းပနေစဉ် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အနုပညာ ဖျော်ဖြေရေး အဖွဲ့နှင့် ရေတပ်စစ်တီးဝိုင်း အဖွဲ့တို့မှ တေးသီချင်းများဖြင့် ဧည့်ခံ ဖျော်ဖြေကြသည်။ 

ညစာစားပွဲအခမ်းအနား အပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ကျောင်းဆင်း အရာရှိများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News