ၿမိတ္ၿမိဳ႕နယ္၊ ၿမိတ္ေတာင္ေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ၿမိတ္ၿမိဳ႕နယ္၊ ၿမိတ္ေတာင္ေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇန္နဝါရီ ၁၄ 

 

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္၊ ၿမိတ္ေတာင္ေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က ယေန႔နံနက္ပိုင္းတြင္ အဆိုပါေက်းရြာရွိ ေအာင္ဇမၺဴေက်ာင္းတိုက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္ေျခာက္ပါးႏွင့္ ေဒသခံျပည္သူ ၂၂၅ ဦးတို႔ကို အ႐ိုး/အေၾကာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ ကေလးေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ယင္းသုိ႔ေဆာင္ရြက္ေနမႈမ်ားကို တိုင္းမွဴး ဗုိလ္ခ်ဳပ္ေသာင္းထိုက္ေရႊႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး လိုအပ္သည္မ်ား ျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။ ထုိ႔ေနာက္ အဆိုပါ ေက်ာင္းတိုက္ရွိ ေက်ာင္းထိုင္ဆရာေတာ္ ဘဒၵႏၲပညာသီရိအား ဖူးေျမာ္၍ သကၤန္း၊ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။ 

 

(Unicode Version)

 

မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇန်နဝါရီ ၁၄ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ အောင်ဇမ္ဗူကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော်ခြောက်ပါးနှင့် ဒေသခံပြည်သူ ၂၂၅ ဦးတို့ကို အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက် အဆိုပါ ကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာသီရိအား ဖူးမြော်၍ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News