ဧရာဝတီတုိင္း ေဒသႀကီး အတြင္းရွိ ေဒသခံျပည္သူ ၈၇၇၂ ဦးကို က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ ေပးႏုိင္ 

ဧရာဝတီတုိင္း ေဒသႀကီး အတြင္းရွိ ေဒသခံျပည္သူ ၈၇၇၂ ဦးကို က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ ေပးႏုိင္ 

ေနျပည္ေတာ္ ဇန္နဝါရီ ၁၄ 

 

တပ္မေတာ္နယ္လွည့္အထူးကုေဆးအဖဲြ႕သည္ တပ္မေတာ္ျမစ္တြင္းသြား ေဆး႐ံုေရယာဥ္ (ေရႊပုဇြန္)ႏွင့္ ျမစ္ေရ ယာဥ္ (စကု)တုိ႔ ျဖင့္ ဧရာဝတီတုိင္းေဒသႀကီးအတြင္း ဧရာဝတီ ျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ ေက်းရြာမ်ားမွ ေဒသခံ ျပည္သူမ်ားအား ဇန္နဝါရီ ၁ ရက္မွ စ၍ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့ၿပီး ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ အမွတ္(၄)ေရတပ္ေဗာတံတားသို႔ ျပန္လည္ေရာက္ရွိလာရာ တပ္မေတာ္(ေရ)မွ အရာရွိ ႀကီး မ်ားႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ 

 

ဧရာဝတီတုိင္း ေဒသႀကီးအတြင္း ဧရာဝတီ ျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးမႈ အေနျဖင့္ ေဆးကုသမႈဆုိင္ရာ ေရာဂါ ၁၈၈၁ဦး၊ ခြဲစိတ္ေရာဂါ ၈ဝ၉ ဦး၊ ကေလးေရာဂါ ၈၄၄ ဦး၊ သားဖြား/မီးယပ္ေရာဂါ ၅၁၃ ဦး၊ အ႐ိုးေရာဂါ ၁၃၉ဝ ဦး၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ ၅၁၉ ဦး၊ မ်က္စိေရာဂါ ၁၈၁၁ ဦးႏွင့္ သြားေရာဂါ ၁ဝဝ၅ ဦး၊ စုစုေပါင္း ေဒသခံ ျပည္သူ ၈၇၇၂ ဦးတုိ႔ကို လိုအပ္သည့္ ေဆးဝါးကုသမႈမ်ားေဆာင္ရြက္ေပးႏုိင္ခဲ့ၿပီး ၎တို႔အနက္ မ်က္စိခြဲစိတ္လူနာ ၁၂၇ ဦး ႏွင့္ အေထြေထြခြဲစိတ္လူနာ ၂၆၂ ဦးတုိ႔ကို ေဆး႐ံုေရယာဥ္ေပၚတြင္ ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးခဲ့ သည္။ 

 

ထို႔ျပင္ ဓာတ္မွန္႐ိုက္ လူနာ ၂၃၁ဦး၊ ဓာတ္ခြဲစမ္းသပ္ လူနာ ၄၈၅ဦး၊ ECG ႏွလံုး စမ္းသပ္လူနာ ၅၃၇ဦးႏွင့္ တယ္လီ ေဗးရွင္း ဓာတ္မွန္႐ိုက္လူနာ ၃၃၅ ဦးတုိ႔ကို ေရာဂါ ရွာေဖြစမ္းသပ္ျခင္းမ်ား ေဆာင္ရြက္ေပးႏုိင္ခဲ့ၿပီး ေဆး႐ံုေရယာဥ္ ေပၚရွိ သားဖြားခန္း၌ ကိုယ္ဝန္ေဆာင္ မိခင္တစ္ဦးအား ေအာင္ျမင္စြာ ခြဲစိတ္ေမြးဖြား ေပးႏုိင္ခဲ့သည့္ အျပင္ ေဆး႐ံု တက္ေရာက္ကုသရန္ လုိအပ္ေသာ လူနာ ၂၃ ဦးတုိ႔အား ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္ ေဆး႐ံုမ်ားသို႔ တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးႏုိင္ခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံပြည်သူ ၈၇၇၂ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင် 

နေပြည်တော် ဇန်နဝါရီ ၁၄ 

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေ ယာဉ် (စကု)တို့ ဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ဇန်နဝါရီ ၁ ရက်မှ စ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ်ဗောတံတားသို့ ပြန်လည်ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိ ကြီး များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ 

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှု အနေဖြင့် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၈၈၁ဦး၊ ခွဲစိတ်ရောဂါ ၈ဝ၉ ဦး၊ ကလေးရောဂါ ၈၄၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၁၃ ဦး၊ အရိုးရောဂါ ၁၃၉ဝ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၅၁၉ ဦး၊ မျက်စိရောဂါ ၁၈၁၁ ဦးနှင့် သွားရောဂါ ၁ဝဝ၅ ဦး၊ စုစုပေါင်း ဒေသခံ ပြည်သူ ၈၇၇၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၁၂၇ ဦး နှင့် အထွေထွေခွဲစိတ်လူနာ ၂၆၂ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ သည်။ 

ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၂၃၁ဦး၊ ဓာတ်ခွဲစမ်းသပ် လူနာ ၄၈၅ဦး၊ ECG နှလုံး စမ်းသပ်လူနာ ၅၃၇ဦးနှင့် တယ်လီ ဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၃၅ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ် ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွား ပေးနိုင်ခဲ့သည့် အပြင် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာ ၂၃ ဦးတို့အား ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News