ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ နယ္စပ္ ၿခံစည္း႐ုိးအနီး လုံၿခံဳေရး ေဆာင္ရြက္လ်က္ရွိေသာ တပ္ဖြဲ႕ဝင္မ်ားႏွင့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕ ထိေတြ႕မႈျဖစ္ပြား

 

ေနျပည္ေတာ္  ဇန္နဝါရီ  ၁၅

ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံနယ္စပ္ ၿခံစည္း႐ုိး၊ နယ္စပ္မွတ္တုိင္အမွတ္၊ ဘီပီ-၅၆ လုံၿခံဳေရးစခန္းတြင္ နယ္ေျမလုံၿခံဳေရး ေဆာင္ရြက္လ်က္ရွိေသာ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္အခ်ဳိ႕သည္ ယေန႔ေန႔လယ္ပုိင္းတြင္ နယ္စပ္ၿခံစည္း႐ုိး တစ္ေလွ်ာက္ လုံၿခံဳေရး ေဆာင္ရြက္စဥ္ ဘီပီ-၅၆ စခန္း၏ ေတာင္ဘက္ မီတာ ၁၇ဝဝ သို႔အေရာက္၌ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕မွ   ေထာင္ထားေသာ နင္းမုိင္းတစ္လုံး နင္းမိေပါက္ကြဲခဲ့ၿပီး AA အၾကမ္းဖက္ ေသာင္းက်န္းသူ အင္အားအခ်ဳိ႕ႏွင့္ ထိေတြ႕တုိက္ပြဲျဖစ္ပြားခဲ့သည္။

အဆုိပါတုိက္ပြဲ ျဖစ္စဥ္ေနရာသို႔ တပ္မေတာ္မွ လႈပ္ရွားစစ္ေၾကာင္းႏွင့္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕မွ ပူးေပါင္းအဖြဲ႕တုိ႔ သြားေရာက္ ပူးေပါင္းစဥ္ ျဖစ္စဥ္ေနရာသုိ႔ မေရာက္မီ မီတာ ၄ဝဝ ခန္႔အကြာသို႔အေရာက္၌ ခန္႔မွန္းအင္အား ၅ဝ ဦးခန္႔ရွိ AA အၾကမ္းဖက္ေသာင္းက်န္း သူအဖြဲ႕က အသင့္ေစာင့္ႀကိဳ ျဖတ္ေတာက္ တုိက္ခုိက္ခဲ့ေသာေၾကာင့္ အျပန္အလွန္ ထိေတြ႕မႈျဖစ္ပြားခဲ့ၿပီး AA အၾကမ္းဖက္ေသာင္းက်န္း သူအဖြဲ႕မ်ားသည္ ႏွစ္ႏိုင္ငံ နယ္နိမိတ္ၿခံစည္း ႐ုိး၏အျပင္တစ္ဖက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အတြင္းသုိ႔ ဆုတ္ခြာထြက္ေျပးသြားခဲ့သည္။ ျဖစ္စဥ္ေနရာ အနီးတစ္ဝုိက္၌ AA အၾကမ္း ဖက္ေသာင္းက်န္းသူမ်ား အသင့္ေစာင့္ႀကိဳ ေနရာယူထားသည့္ ပစ္က်င္းမ်ားႏွင့္ ႏွစ္ႏုိင္ငံ နယ္စပ္ၿခံစည္း ႐ုိး၌ အက်ယ္ ၄ ေပ၊ အျမင့္ ၅ ေပခန္႔ရွိ ဖ်က္ဆီးထားေသာ ေနရာေလးေနရာအား ေတြ႕ရွိရၿပီး မိုင္းထိျဖစ္စဥ္ေၾကာင့္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။

လုံၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား  ႏွိမ္နင္းေရးႏွင့္   နယ္ေျမလုံၿခံဳေရး လုပ္ငန္းမ်ားအား  ဆက္လက္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် ခြံစည်းရိုးအနီး လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များနှင့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထိတွေ့မှုဖြစ်ပွား

နေပြည်တော်  ဇန်နဝါရီ  ၁၅

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုး၊ နယ်စပ်မှတ်တိုင်အမှတ်၊ ဘီပီ-၅၆ လုံခြုံရေးစခန်းတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အချို့သည် ယနေ့နေ့လယ်ပိုင်းတွင် နယ်စပ်ခြံစည်းရိုး တစ်လျှောက် လုံခြုံရေး ဆောင်ရွက်စဉ် ဘီပီ-၅၆ စခန်း၏ တောင်ဘက် မီတာ ၁၇ဝဝ သို့အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ   ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ပြီး AA အကြမ်းဖက် သောင်းကျန်းသူ အင်အားအချို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲ ဖြစ်စဉ်နေရာသို့ တပ်မတော်မှ လှုပ်ရှားစစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့တို့ သွားရောက် ပူးပေါင်းစဉ် ဖြစ်စဉ်နေရာသို့ မရောက်မီ မီတာ ၄ဝဝ ခန့်အကွာသို့အရောက်၌ ခန့်မှန်းအင်အား ၅ဝ ဦးခန့်ရှိ AA အကြမ်းဖက်သောင်းကျန်း သူအဖွဲ့က အသင့်စောင့်ကြို ဖြတ်တောက် တိုက်ခိုက်ခဲ့သောကြောင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး AA အကြမ်းဖက်သောင်းကျန်း သူအဖွဲ့များသည် နှစ်နိုင်ငံ နယ်နိမိတ်ခြံစည်း ရိုး၏အပြင်တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်နေရာ အနီးတစ်ဝိုက်၌ AA အကြမ်း ဖက်သောင်းကျန်းသူများ အသင့်စောင့်ကြို နေရာယူထားသည့် ပစ်ကျင်းများနှင့် နှစ်နိုင်ငံ နယ်စပ်ခြံစည်း ရိုး၌ အကျယ် ၄ ပေ၊ အမြင့် ၅ ပေခန့်ရှိ ဖျက်ဆီးထားသော နေရာလေးနေရာအား တွေ့ရှိရပြီး မိုင်းထိဖြစ်စဉ်ကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် AA အကြမ်းဖက်သောင်းကျန်းသူများ  နှိမ်နင်းရေးနှင့်   နယ်မြေလုံခြုံရေး လုပ်ငန်းများအား  ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Recent News