AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕မ်ားႏွင့္ ပတ္သက္ ဆက္ႏႊယ္ေနသူမ်ားအား တရား ဥပေဒအရ အေရးယူႏုိင္ေရး ေဆာင္ရြက္လ်က္ရွိ

 

ေနျပည္ေတာ္  ဇန္နဝါရီ  ၁၅

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ သရက္ျပင္ေက်းရြာအတြင္း၌ AA အၾကမ္း ဖက္ေသာင္းက်န္းသူ အဖြဲ႕မ်ားက  ေဒသခံ ျပည္သူမ်ားအသြင္ျဖင့္   ဝင္ေရာက္ပံုဖ်က္ လႈပ္ရွားလ်က္ရွိေၾကာင္း သတင္းအရ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္စစ္ ေၾကာင္းမ်ား လံုၿခံဳေရးလိုက္ပါလ်က္ ဇန္နဝါရီ ၁၃ ရက္ ေန႔လယ္ပိုင္းတြင္ အဆိုပါေက်းရြာ သို႔သြားေရာက္၍ သတင္းေဖာ္ထုတ္ စစ္ေဆး ေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့သည္။

ထိုသို႔စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့ရာ၌ မသကၤာဖြယ္ရာ ၁၅ ဦးကို ေတြ႕ရွိခဲ့သျဖင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ  နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕သို႔ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား ပါဝင္ေသာ အဖြဲ႕ျဖင့္ ဥပေဒႏွင့္အညီ ေခၚေဆာင္၍ အေသးစိတ္ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့ ရာ အဆိုပါ မသကၤာဖြယ္ရာ ၁၅ ဦးအနက္ ၁၃ ဦးမွာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ဆက္ႏႊယ္မႈ မရွိေၾကာင္း စိစစ္ သိရွိရသျဖင့္    ၎တို႔ေက်းရြာမ်ားသို႔ ျပန္လည္ေစလႊတ္ခဲ့ၿပီး  သရက္ျပင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္သန္းလႈိင္ႏွင့္ ေက်းရြာေန ေမာင္ေက်ာ္ဝင္းတို႔ ႏွစ္ဦးမွာ AA အၾကမ္း ဖက္ေသာင္းက်န္းသူ အဖြဲ႕မ်ားအတြက္ ဆက္ေၾကး ေကာက္ခံေပးျခင္းႏွင့္ လံုၿခံဳေရးတပ္ဖြဲ႕ ဝင္မ်ား၏ လႈပ္ရွားမႈမ်ားအား  ေစာင့္ၾကည့္ သတင္းေပးပို႔ျခင္းမ်ား ေဆာင္ရြက္ေနသည္ဟု စစ္ေဆးေမးျမန္း ေဖာ္ထုတ္သိရွိရသျဖင့္ တရားဥပေဒအရ အေရးယူႏုိင္ေရးအတြက္  လုပ္ထံုးလုပ္နည္းႏွင့္အညီ ဆက္လက္စိစစ္ ေဆာင္ရြက္လ်က္ရွိသည္။

ထို႔ျပင္ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္လ်က္ရွိေသာ တပ္မေတာ္စစ္ေၾကာင္းသည္ ဇန္နဝါရီ ၁၄ ရက္ နံနက္ပိုင္းတြင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ႀကိမ္သာေက်းရြာ၏ ေျမာက္ဘက္ မီတာ ၃ဝဝဝ ခန္႔အကြာသို႔ အေရာက္၌ လံုၿခံဳေရး တပ္ဖဲြ႕ဝင္မ်ား၏ လႈပ္ရွားမႈမ်ားအား AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕မ်ားထံသုိ႔ ေစာင့္ၾကည့္ သတင္းေပးလ်က္ရွိသည့္ ႀကိမ္သာ ေက်းရြာေန ဦးစိန္ဦးႏွင့္ ဦးစိန္သာေက်ာ္တို႔ႏွစ္ဦးအား သတင္းေပးပို႔ရာတြင္ အသံုးျပဳသည့္ ဆမ္ေဆာင္းအမ်ဳိးအစား တယ္လီဖုန္း ႏွစ္လံုးႏွင့္ အတူ ထပ္မံဖမ္းဆီး ရမိခဲ့သျဖင့္ တရားဥပေဒအရ အေရးယူႏုိင္ေရး သက္ဆိုင္ ရာနယ္ေျမ ရဲစခန္းသို႔  ဆက္လက္လႊဲေျပာင္း သြားမည္ျဖစ္သည္။

တပ္မေတာ္စစ္ေၾကာင္းမ်ား အေနျဖင့္ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ား၊ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္းကာ သတင္းမ်ား ရယူေဖာ္ထုတ္ၿပီး  AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား၏ ရခုိင္ျပည္နယ္အတြင္း ဥပေဒမဲ့ အၾကမ္းဖက္ တိုက္ခိုက္မႈမ်ားႏွင့္  ေက်းရြာမ်ားအတြင္း ပံုဖ်က္စိမ့္ဝင္လႈပ္ရွားမႈမ်ား မရွိေစေရးအတြက္  နယ္ေျမလံုၿခံဳေရး လုပ္ငန္းမ်ားအား ဆက္လက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များနှင့် ပတ်သက် ဆက်နွှယ်နေသူများအား တရား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်  ဇန်နဝါရီ  ၁၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအတွင်း၌ AA အကြမ်း ဖက်သောင်းကျန်းသူ အဖွဲ့များက  ဒေသခံ ပြည်သူများအသွင်ဖြင့်   ဝင်ရောက်ပုံဖျက် လှုပ်ရှားလျက်ရှိကြောင်း သတင်းအရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်စစ် ကြောင်းများ လုံခြုံရေးလိုက်ပါလျက် ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်းတွင် အဆိုပါကျေးရွာ သို့သွားရောက်၍ သတင်းဖော်ထုတ် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ၌ မသင်္ကာဖွယ်ရာ ၁၅ ဦးကို တွေ့ရှိခဲ့သဖြင့် ဘူးသီးတောင်မြို့နယ်ရှိ  နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့ဖြင့် ဥပဒေနှင့်အညီ ခေါ်ဆောင်၍ အသေးစိတ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ရာ အဆိုပါ မသင်္ကာဖွယ်ရာ ၁၅ ဦးအနက် ၁၃ ဦးမှာ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်မှု မရှိကြောင်း စိစစ် သိရှိရသဖြင့်    ၎င်းတို့ကျေးရွာများသို့ ပြန်လည်စေလွှတ်ခဲ့ပြီး  သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နှင့် ကျေးရွာနေ မောင်ကျော်ဝင်းတို့ နှစ်ဦးမှာ AA အကြမ်း ဖက်သောင်းကျန်းသူ အဖွဲ့များအတွက် ဆက်ကြေး ကောက်ခံပေးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ လှုပ်ရှားမှုများအား  စောင့်ကြည့် သတင်းပေးပို့ခြင်းများ ဆောင်ရွက်နေသည်ဟု စစ်ဆေးမေးမြန်း ဖော်ထုတ်သိရှိရသဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေးအတွက်  လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းသည် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာ၏ မြောက်ဘက် မီတာ ၃ဝဝဝ ခန့်အကွာသို့ အရောက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များထံသို့ စောင့်ကြည့် သတင်းပေးလျက်ရှိသည့် ကြိမ်သာ ကျေးရွာနေ ဦးစိန်ဦးနှင့် ဦးစိန်သာကျော်တို့နှစ်ဦးအား သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဆမ်ဆောင်းအမျိုးအစား တယ်လီဖုန်း နှစ်လုံးနှင့် အတူ ထပ်မံဖမ်းဆီး ရမိခဲ့သဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေး သက်ဆိုင် ရာနယ်မြေ ရဲစခန်းသို့  ဆက်လက်လွှဲပြောင်း သွားမည်ဖြစ်သည်။

တပ်မတော်စစ်ကြောင်းများ အနေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ သတင်းများ ရယူဖော်ထုတ်ပြီး  AA အကြမ်းဖက် သောင်းကျန်းသူများ၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့ အကြမ်းဖက် တိုက်ခိုက်မှုများနှင့်  ကျေးရွာများအတွင်း ပုံဖျက်စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေးအတွက်  နယ်မြေလုံခြုံရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Recent News