စစ္ေတြၿမိဳ႕နယ္ ၾကက္ကုိင္းတန္း ေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

ေနျပည္ေတာ္  ဇန္နဝါရီ  ၁၅

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္ ၾကက္ကိုင္းတန္းေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားရွိ သံဃာေတာ္မ်ားႏွင့္  ေဒသခံတုိင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖဲြ႕မ်ားက အဆုိပါ ေက်းရြာရွိ ဓႏၵာရာမပရိယတၱိ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖဲြ႕က သံဃာေတာ္ေလးပါးႏွင့္ ေဒသခံ တုိင္းရင္းသားျပည္သူ ၁၂၆ ဦးတုိ႔အား အ႐ိုး/အေၾကာေရာဂါ၊ ကေလးေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊  အေထြေထြ ေရာဂါတုိ႔ႏွင့္ ပတ္သက္၍  လိုအပ္သည့္ ေဆးဝါးကုသမႈမ်ားႏွင့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူတစ္ဦးအား  စစ္ေတြၿမိဳ႕ရွိ  တပ္မေတာ္ေဆး႐ံုသို႔    တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ ေပးခဲ့ေၾကာင္း  သတင္း ရရွိသည္။     

(Unicode Version)

စစ်တွေမြို့နယ် ကြက်ကိုင်းတန်း ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၁၅

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကြက်ကိုင်းတန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့်  ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့များက အဆိုပါ ကျေးရွာရှိ ဓန္ဒာရာမပရိယတ္တိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်လေးပါးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၁၂၆ ဦးတို့အား အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊  အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူတစ်ဦးအား  စစ်တွေမြို့ရှိ  တပ်မတော်ဆေးရုံသို့    တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း  သတင်း ရရှိသည်။    

Recent News