ပုသိမ္ၿမိဳ႕ အမွတ္(၇)အေျခခံပညာ အထက္တန္းေက်ာင္း၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင္ႏွစ္ ပညာေရးစံုညီ ပြဲေတာ္ႏွင့္ ဆုေပးပြဲျပဳလုပ္

 

ေနျပည္ေတာ္ ဇန္နဝါရီ ၁၅

ဧရာဝတီတုိင္း ေဒသႀကီးပုသိမ္ၿမဳိ႕ အမွတ္(၇) အေျခခံပညာ အထက္တန္းေက်ာင္း ၂ဝ၁၈-၂ဝ၁၉ ပညာသင္ႏွစ္ ပညာေရးစံုညီပြဲေတာ္ႏွင့္ ပညာရည္ခ်ြန္ ဆုေပးပြဲကုိ ယေနနံနက္ပုိင္းတြင္ အဆုိပါေက်ာင္းရွိ္ ရာျပည့္ခန္းမ၌ျပဳလုပ္ရာ အေနာက္ေတာင္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဳး ဗုိလ္မွဴးခ်ဳပ္ရဲဝင္းဦးႏွင့္ အဖဲြ႕ဝင္မ်ား၊ဌာနဆုိင္ရာ တာဝန္ရွိသူမ်ား၊ ေက်ာင္းအက်ိဳးေတာ္ေဆာင္မ်ား၊ ေက်ာင္းသားမိဘမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက အဖြင့္ အမွာစကား ေျပာၾကားၿပီး ပညာေရးစံုညီ ပြဲေတာ္ ျဖစ္ေျမာက္ေရး အတြက္ ေထာက္ပံ့ေငြမ်ားေပးအပ္ရာ တာဝန္ရွိသူ တစ္ဦးက လက္ခံရယူသည္။ထုိ႕ေနာက္ တုိင္းမွဴးႏွင့္ တာဝန္ရွိသူမ်ားက ဂုဏ္ထူးရ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ အဂၤလိပ္စာ စြမ္းရည္ၿပိဳင္ပြဲ၊ သခ်ၤာစြမ္းရည္ၿပိဳင္ပြဲ၊ စာစီစာကံုး ၿပိဳင္ပြဲႏွင့္ ကဗ်ာ ၿပိဳင္ပြဲမ်ားတြင္ ထူးခ်ြန္ဆု ရရွိသည့္  ေက်ာင္းသား၊ေက်ာင္းသူမ်ားအား ဆုမ်ား အသီးသီး ေပးအပ္ၾကသည္။

ယင္းေနာက္ တုိင္းမွဴးႏွင့္အဖဲြ႕ဝင္မ်ားက ေက်ာငး္သား၊ ေက်ာငး္သူမ်ား၏ ကျပ ေဖ်ာ္ေျဖမႈမ်ားအား ၾကည့္ရႈ႕ အားေပးၿပီး တက္ေရာက္ လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့ေၾကာင္း  သတင္းရရွိသည္။

(Unicode Version)

ပုသိမ်မြို့ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်နှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော် ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်း ဒေသကြီးပုသိမ်မြို့ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲကို ယနေနံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ရာပြည့်ခန်းမ၌ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့် အမှာစကား ပြောကြားပြီး ပညာရေးစုံညီ ပွဲတော် ဖြစ်မြောက်ရေး အတွက် ထောက်ပံ့ငွေများပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲနှင့် ကဗျာ ပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိသည့်  ကျောင်းသား၊ကျောင်းသူများအား ဆုများ အသီးသီး ပေးအပ်ကြသည်။

ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ၏ ကပြ ဖျော်ဖြေမှုများအား ကြည့်ရှု့ အားပေးပြီး တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း  သတင်းရရှိသည်။

Recent News