ေနျပည္ေတာ္ ဇန္နဝါရီ ၁၅
ရန္ကုန္တုိင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္၊ မင္းကုန္းေက်းရြာ၊ တပ္ဦးမင္းကုန္း ေက်ာင္းတုိက္ရွိ သံဃာေတာ္မ်ား၊ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆး ကုသေရး အဖဲြ႕က အဆုိပါ ေက်ာင္းတုိက္ရွိ ဓမၼဗိမာန္ေတာ္ႀကီး၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။
ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္သံုးပါး၊ ဆရာမ ၁၃ ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၄၂၄ ဦးတုိ႔အား ေသြးတုိးေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ ေဆးဝါးကုသမႈမ်ားႏွင့္ က်န္းမာေရး စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။
(Unicode Version)
လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာရှိ သံဃာတော်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာ၊ တပ်ဦးမင်းကုန်း ကျောင်းတိုက်ရှိ သံဃာတော်များ၊ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေး အဖွဲ့က အဆိုပါ ကျောင်းတိုက်ရှိ ဓမ္မဗိမာန်တော်ကြီး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော်သုံးပါး၊ ဆရာမ ၁၃ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၄၂၄ ဦးတို့အား သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။