ေကေကအိုခြဲထြက္ ေစာေက်ာ္သက္ အဖြဲ႕မွ ဗိုလ္ႀကီးအဆင့္ရွိသူ ေစာဖိုးငယ္ ဦးစီးအင္အား ၁၁ ဦး ဥပေဒေဘာင္အတြင္း ဝင္ေရာက္ 

ေကေကအိုခြဲထြက္ ေစာေက်ာ္သက္ အဖြဲ႕မွ ဗိုလ္ႀကီးအဆင့္ရွိသူ ေစာဖိုးငယ္ ဦးစီးအင္အား ၁၁ ဦး ဥပေဒေဘာင္အတြင္း ဝင္ေရာက္ 

ေနျပည္ေတာ္ ဇန္နဝါရီ ၁၉

ေကေကအိုခြဲထြက္ ေစာေက်ာ္သက္အဖြဲ႕မွ ဗိုလ္ႀကီးအဆင့္ရွိသူ ေစာဖိုးငယ္ ဦးစီးအင္အား ၁၁ ဦးသည္ လက္နက္ကိုင္လမ္းစဥ္အား စြန္႔လႊတ္ၿပီး သာမန္ျပည္သူမ်ားအျဖစ္ ေအးခ်မ္းစြာ ေနထုိင္လိုျခင္း၊ ဥပေဒႏွင့္အညီ ေနထိုင္လုပ္ကိုင္၍ ၎တို႔မိသားစုဘဝ တိုးတက္ေအာင္ ေဆာင္ရြက္လိုျခင္းေၾကာင့္ လက္နက္မ်ဳိးစံု ၁၃ လက္၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ယေန႔နံနက္ပိုင္းတြင္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ရွိ နယ္ေျမခံတပ္ရင္းသို႔ လက္နက္ႏွင့္ ၿငိမ္းခ်မ္းေရး လဲလွယ္ကာ ဥပေဒေဘာင္အတြင္း ဝင္ေရာက္သည္။ 

ထုိသို႔ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာေသာ ေစာဖိုးငယ္ ဦးစီးအင္အား ၁၁ ဦးအား သကၤန္းညီေနာင္ တပ္နယ္မွ ဗိုလ္မွဴးႀကီး ႏုိင္ေအာင္ႏွင့္ တပ္မေတာ္အရာရွိမ်ားက ႀကိဳဆိုႏႈတ္ဆက္စကား ေျပာၾကားၿပီး လက္နက္ႏွင့္ ဆက္စပ္ပစၥည္းမ်ား လက္ခံရယူသည္။ ယင္းေနာက္ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူမ်ားအတြက္ လိုအပ္သည္မ်ားကို ကူညီေထာက္ပံ့ ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ကေကေအိုခွဲထွက် စောကျော်သက် အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ စောဖိုးငယ် ဦးစီးအင်အား ၁၁ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက် 

နေပြည်တော် ဇန်နဝါရီ ၁၉ 

ကေကေအိုခွဲထွက် စောကျော်သက်အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ စောဖိုးငယ် ဦးစီးအင်အား ၁၁ ဦးသည် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး သာမန်ပြည်သူများအဖြစ် အေးချမ်းစွာ နေထိုင်လိုခြင်း၊ ဥပဒေနှင့်အညီ နေထိုင်လုပ်ကိုင်၍ ၎င်းတို့မိသားစုဘဝ တိုးတက်အောင် ဆောင်ရွက်လိုခြင်းကြောင့် လက်နက်မျိုးစုံ ၁၃ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နယ်မြေခံတပ်ရင်းသို့ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ကာ ဥပဒေဘောင်အတွင်း ဝင်ရောက်သည်။ 

ထိုသို့ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော စောဖိုးငယ် ဦးစီးအင်အား ၁၁ ဦးအား သင်္ကန်းညီနောင် တပ်နယ်မှ ဗိုလ်မှူးကြီး နိုင်အောင်နှင့် တပ်မတော်အရာရှိများက ကြိုဆိုနှုတ်ဆက်စကား ပြောကြားပြီး လက်နက်နှင့် ဆက်စပ်ပစ္စည်းများ လက်ခံရယူသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် လိုအပ်သည်များကို ကူညီထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News