ဘြဲ႕ရ အမ်ဳိးသမီး ဗုိလ္ေလာင္းမ်ား အလုိရွိသည္

 

၁။      ေလွ်ာက္ထားသူသည္-

(က)   ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံသား အိမ္ေထာင္ မရွိဖူးသူ (အပ်ိဳ)ျဖစ္ရမည္။

(ခ )    အနည္းဆုံး အရပ္(၅)ေပ(၃)လက္မႏွင့္ ကုိယ္အေလးခ်ိန္ေပါင္(၁ဝဝ)ထက္မနည္းရ၊ ေပါင္(၁၃ဝ)ထက္ မေက်ာ္ရ။

(ဂ)     မ်က္မွန္ တပ္ဆင္ထားသူ မျဖစ္ေစရ။

(ဃ)   တကၠသုိလ္တစ္ခုခုမွ ဘြဲ႕ရရွိၿပီးသူျဖစ္ရမည္။

(င)     မဟာဘြဲ႕တက္ေရာက္ရန္ အဆင့္မီသူဦးစားေပးမည္။  မဟာဘြဲ႕ရရွိၿပီးသူ၊  ပါရဂူဘြဲ႕ရရွိၿပီးသူမ်ားလည္း ေလွ်ာက္ထားႏိုင္သည္။

(စ)     ဘြဲ႕လက္မွတ္ (မူရင္း) ႏွင့္ ဘြဲ႕ရအမွတ္စာရင္းတင္ျပႏိုင္ရမည္။

(ဆ)   ၂ဝ၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္ေန႔တြင္ အသက္ ၂၅ ႏွစ္ထက္မေက်ာ္လြန္ေစရ။ မဟာဘြဲ႕ရရွိၿပီးသူမ်ား အေနျဖင့္ ၂၇ ႏွစ္အထိလည္းေကာင္း၊ ပါရဂူဘြဲ႕ရရွိၿပီးသူမ်ားအေနျဖင့္ ၃ဝ ႏွစ္အထိလည္းေကာင္း ေလွ်ာက္ထား ႏိုင္သည္။

(ဇ)     ဗိုလ္ေလာင္းသင္တန္း တက္ေရာက္ေအာင္ျမင္ၿပီးပါက ဒုတိယဗိုလ္အဆင့္ စတင္ခန္႔အပ္ျခင္းခံရမည္။ မဟာဘြဲ႕ ရရွိၿပီးသူ၊ ပါရဂူဘြဲ႕ရရွိၿပီး သူမ်ားသည္ ဗိုလ္အဆင့္ စတင္ခန္႔အပ္ျခင္း ခံရမည္။

(စ်)    တပ္မေတာ္မွ ေလ့က်င့္သင္ၾကားမႈ စနစ္အတိုင္း လိုက္နာ ေဆာင္ရြက္ႏိုင္သူျဖစ္ရမည္။

၂။ ေလွ်ာက္လႊာမ်ားကို မိမိတို႔ႏွင့္နီးစပ္ရာတုိင္းစစ္ဌာနခ်ဳပ္မ်ားတြင္ အခမဲ့  ရယူႏိုင္သည္။

၃။ ေလွ်ာက္လႊာႏွင့္အတူ အက်င့္စာရိတၱေကာင္းမြန္ေၾကာင္း သက္ဆိုင္ရာျပည္နယ္၊ တိုင္းေဒသႀကီး၊ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕စခန္း တစ္ခုခုမွ ေထာက္ခံစာ(မူရင္း)၊ ပတ္စ္ပို႔အရြယ္ ဓာတ္ပံု ၃ ပံုႏွင့္ တပ္မေတာ္ေဆး႐ံု/ ျပည္သူ႔ ေဆး႐ံုတို႔မွ  ပဏာမေဆးစစ္ေအာင္ျမင္ေၾကာင္း ေထာက္ခံခ်က္ ပူးတြဲတင္ျပရမည္။

၄။ အစိုးရ ဝန္ထမ္းျဖစ္ပါက သက္ဆိုင္ရာ ဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ပါရွိရမည္။

၅။ ေလွ်ာက္လႊာမ်ားကို ၂ဝ၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၂၃ ရက္ေန႔တြင္ စတင္ထုတ္ေပးမည္ျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္လႊာထုတ္ယူရရွိေသာ တိုင္းစစ္ဌာနခ်ဳပ္မွတစ္ဆင့္ အခ်ိန္မီေပးပို႔ၾကရမည္။

၆။ သတ္မွတ္ခ်က္ႏွင့္ ျပည့္စံုၿပီး အရည္အခ်င္းျပည့္မီေသာ ေလွ်ာက္လႊာရွင္မ်ားသာ တပ္မေတာ္ဗိုလ္ေရြးအဖြဲ႕တြင္ ဝင္ေရာက္ အစစ္ေဆးခံရမည္။ အစစ္ေဆးခံရန္အေၾကာင္းၾကားစာမ်ားကို သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္မ်ားမွ တစ္္ဆင့္  အခ်ိန္မီ ေပးပို႔သြားမည္။

၇။      သတ္မွတ္ထားသည့္ အခ်က္အလက္မ်ား တိက်ျပည့္စံုစြာ ေရးသားေဖာ္ျပျခင္း မရွိေသာ ေလွ်ာက္လႊာမ်ား၊ မမွန္မကန္ ျဖည့္စြက္ ေရးသားေဖာ္ျပေသာ ေလွ်ာက္လႊာမ်ားႏွင့္  အခ်ိန္မီ မေရာက္ရွိေသာ ေလွ်ာက္လႊာမ်ားအား ထည့္သြင္း စဥ္းစားမည္ မဟုတ္ပါ။ မိမိတို႔ ေလွ်ာက္လႊာတင္သြင္းသည့္ တိုင္းစစ္ဌာနခ်ဳပ္တြင္ ေရြးခ်ယ္ျခင္းခံ ရသည္/ မခံရသည္ကို သြားေရာက္ စံုစမ္း ေမးျမန္းႏိုင္သည္။                                                            

စစ္ရာထူးခန္႔ခ်ဳပ္႐ုံး

ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)

(Unicode Version)

ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများ အလိုရှိသည်

၁။      လျှောက်ထားသူသည်-

(က)   ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား အိမ်ထောင် မရှိဖူးသူ (အပျို)ဖြစ်ရမည်။

(ခ )    အနည်းဆုံး အရပ်(၅)ပေ(၃)လက်မနှင့် ကိုယ်အလေးချိန်ပေါင်(၁ဝဝ)ထက်မနည်းရ၊ ပေါင်(၁၃ဝ)ထက် မကျော်ရ။

(ဂ)     မျက်မှန် တပ်ဆင်ထားသူ မဖြစ်စေရ။

(ဃ)   တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

(င)     မဟာဘွဲ့တက်ရောက်ရန် အဆင့်မီသူဦးစားပေးမည်။  မဟာဘွဲ့ရရှိပြီးသူ၊  ပါရဂူဘွဲ့ရရှိပြီးသူများလည်း လျှောက်ထားနိုင်သည်။

(စ)     ဘွဲ့လက်မှတ် (မူရင်း) နှင့် ဘွဲ့ရအမှတ်စာရင်းတင်ပြနိုင်ရမည်။

(ဆ)   ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၂၅ နှစ်ထက်မကျော်လွန်စေရ။ မဟာဘွဲ့ရရှိပြီးသူများ အနေဖြင့် ၂၇ နှစ်အထိလည်းကောင်း၊ ပါရဂူဘွဲ့ရရှိပြီးသူများအနေဖြင့် ၃ဝ နှစ်အထိလည်းကောင်း လျှောက်ထား နိုင်သည်။

(ဇ)     ဗိုလ်လောင်းသင်တန်း တက်ရောက်အောင်မြင်ပြီးပါက ဒုတိယဗိုလ်အဆင့် စတင်ခန့်အပ်ခြင်းခံရမည်။ မဟာဘွဲ့ ရရှိပြီးသူ၊ ပါရဂူဘွဲ့ရရှိပြီး သူများသည် ဗိုလ်အဆင့် စတင်ခန့်အပ်ခြင်း ခံရမည်။

(ဈ)    တပ်မတော်မှ လေ့ကျင့်သင်ကြားမှု စနစ်အတိုင်း လိုက်နာ ဆောင်ရွက်နိုင်သူဖြစ်ရမည်။

၂။ လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် အခမဲ့  ရယူနိုင်သည်။

၃။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ် ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)၊ ပတ်စ်ပို့အရွယ် ဓာတ်ပုံ ၃ ပုံနှင့် တပ်မတော်ဆေးရုံ/ ပြည်သူ့ ဆေးရုံတို့မှ  ပဏာမဆေးစစ်အောင်မြင်ကြောင်း ထောက်ခံချက် ပူးတွဲတင်ပြရမည်။

၄။ အစိုးရ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ပါရှိရမည်။

၅။ လျှောက်လွှာများကို ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စတင်ထုတ်ပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူရရှိသော တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် အချိန်မီပေးပို့ကြရမည်။

၆။ သတ်မှတ်ချက်နှင့် ပြည့်စုံပြီး အရည်အချင်းပြည့်မီသော လျှောက်လွှာရှင်များသာ တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက် အစစ်ဆေးခံရမည်။ အစစ်ဆေးခံရန်အကြောင်းကြားစာများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့်  အချိန်မီ ပေးပို့သွားမည်။

၇။      သတ်မှတ်ထားသည့် အချက်အလက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်း မရှိသော လျှောက်လွှာများ၊ မမှန်မကန် ဖြည့်စွက် ရေးသားဖော်ပြသော လျှောက်လွှာများနှင့်  အချိန်မီ မရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။ မိမိတို့ လျှောက်လွှာတင်သွင်းသည့် တိုင်းစစ်ဌာနချုပ်တွင် ရွေးချယ်ခြင်းခံ ရသည်/ မခံရသည်ကို သွားရောက် စုံစမ်း မေးမြန်းနိုင်သည်။                                                            

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

 

Recent News