ထုိင္းဘုရင့္ေရတပ္ ဦးစီးခ်ဳပ္ Admiral Luechai Ruddit ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕ ျပန္လည္ ထြက္ခြာ

 

ေနျပည္ေတာ္  ဇန္နဝါရီ  ၂၃

ျပည္ေထာင္စုသမၼတ ျမန္မာႏုိင္ငံသို႔ ခ်စ္ၾကည္ေရးခရီး အလည္အပတ္ ေရာက္ရွိေနသည့္ ထုိင္းဘုရင့္ေရတပ္ ဦးစီးခ်ဳပ္ Admiral Luechai Ruddit ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕သည္  ယေန႔ညေနပုိင္းတြင္ မဂၤလာဒံုေလတပ္စခန္း ဌာနခ်ဳပ္မွ ထုိင္းႏုိင္ငံသို႔ ျပန္လည္ထြက္ခြာၾကရာ သန္လ်င္တပ္နယ္  တပ္နယ္မွဴး ဗုိလ္ခ်ဳပ္ ေဌးႏုိင္ႏွင့္ တပ္မေတာ္(ေရ)မွ အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းႏုိင္ငံ သံအမတ္ႀကီးႏွင့္ စစ္သံမွဴးမ်ား၊ တာဝန္ရွိသူမ်ားက ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

အဆုိပါ ထုိင္းဘုရင့္ေရတပ္ ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္  ျမန္မာႏုိင္ငံသို႔ ေရာက္ရွိေနစဥ္ အတြင္း ဇန္နဝါရီ ၂၁ ရက္တြင္ ေနျပည္ေတာ္ရွိ  တပ္မေတာ္စစ္သမုိင္းျပတုိက္သို႔ သြားေရာက္ေလ့လာခဲ့ၾကၿပီး ဇန္နဝါရီ ၂၂ ရက္တြင္ ေနျပည္ေတာ္ရွိ ဥပၸါတသႏၲိေစတီေတာ္၊ ရန္ကုန္ၿမိဳ႕ရွိ ေရႊတိဂံုေစတီေတာ္ႏွင့္ ဗုိလ္တေထာင္ေစတီေတာ္တုိ႔အား သြားေရာက္ ဖူးေျမာ္ၾကည္ညိဳခဲ့ၾကသည္။

အလားတူ ယေန႔တြင္လည္း ထုိင္းဘုရင့္ေရတပ္ ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ပဲခူးၿမိဳ႕ရွိ ကေမၻာဇသာဒီနန္းေတာ္၊ ေရႊေမာ္ေဓာဘုရားႏွင့္ ေရႊသာေလ်ာင္းဘုရားမ်ားသို႔ သြားေရာက္ေလ့လာ ဖူးေျမာ္ခဲ့ၾကေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version)

ထိုင်းဘုရင့်ရေတပ် ဦးစီးချုပ် Admiral Luechai Ruddit ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပြန်လည် ထွက်ခွာ

နေပြည်တော်  ဇန်နဝါရီ  ၂၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိနေသည့် ထိုင်းဘုရင့်ရေတပ် ဦးစီးချုပ် Admiral Luechai Ruddit ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည်  ယနေ့ညနေပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ သန်လျင်တပ်နယ်  တပ်နယ်မှူး ဗိုလ်ချုပ် ဌေးနိုင်နှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် စစ်သံမှူးများ၊ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ ထိုင်းဘုရင့်ရေတပ် ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်  မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ဇန်နဝါရီ ၂၁ ရက်တွင် နေပြည်တော်ရှိ  တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြပြီး ဇန်နဝါရီ ၂၂ ရက်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် ဗိုလ်တထောင်စေတီတော်တို့အား သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြသည်။

အလားတူ ယနေ့တွင်လည်း ထိုင်းဘုရင့်ရေတပ် ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်၊ ရွှေမော်ဓောဘုရားနှင့် ရွှေသာလျောင်းဘုရားများသို့ သွားရောက်လေ့လာ ဖူးမြော်ခဲ့ကြကြောင်း သတင်း ရရှိသည်။ 

Recent News