ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ဝုိင္းေမာ္ၿမိဳ႕တုိ႔ရွိ တုိက္ပြဲေရွာင္ ျပည္သူမ်ားအား ၎တုိ႔ေနရပ္သုိ႔ ျပန္လည္ ပုိ႔ေဆာင္ 

ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ဝုိင္းေမာ္ၿမိဳ႕တုိ႔ရွိ တုိက္ပြဲေရွာင္ ျပည္သူမ်ားအား ၎တုိ႔ေနရပ္သုိ႔ ျပန္လည္ ပုိ႔ေဆာင္ 

ေနျပည္ေတာ္ ဇန္နဝါရီ ၃ဝ 

ကခ်င္ျပည္နယ္၊ ဝုိင္းေမာ္ၿမိဳ႕နယ္၊ နန္ဆန္ယန္ေက်းရြာအုပ္စု၊ နန္ဆန္ယန္ ေက်းရြာရွိ တုိက္ပြဲေရွာင္ျပည္သူမ်ား ၎တုိ႔၏ေနရပ္သုိ႔ ျပန္လည္အေျခခ် ေနထုိင္ႏုိင္ေရးအတြက္ နယ္ေျမလုံၿခံဳေရး ေဆာင္ရြက္လ်က္ရွိေသာ တပ္မေတာ္သား မ်ားက ဇန္နဝါရီ ၂ဝ ရက္မွ ၂၆ ရက္ထိ ေက်းရြာအတြင္းရွိ ေနအိမ္မ်ား၊ စာသင္ေက်ာင္းမ်ား၊ သာသနာေရးဆုိင္ရာ အေဆာက္အအုံမ်ားႏွင့္ ပတ္ဝန္းက်င္တစ္ဝုိက္အား သန္႔ရွင္းေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပး ျခင္း၊ ေရတြင္း၊ ေရကန္မ်ားတြင္ သန္႔ရွင္း ေသာေသာက္သုံးေရ ရရွိေစေရး ေဆာင္ရြက္ ေပးျခင္းႏွင့္ မုိင္းရွင္းလင္းေရး လုပ္ငန္းမ်ားအား ေဆာင္ရြက္ေပးခဲ့သည္။ အဆုိပါတုိက္ပြဲေရွာင္ျပည္သူမ်ားအား ယေန႔တြင္ လုံၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားလုိက္ပါ၍ ၎တုိ႔ေခတၱတည္းခုိ ေနထုိင္လ်က္ရွိသည့္ ျမစ္ႀကီးနားၿမိဳ႕၊ ေအာင္နန္းရိပ္သာ ရပ္ကြက္ရွိ စိန္ကုိလန္ဘန္ကသီျဒယ္ ဘုရားေက်ာင္းႏွင့္ ဝုိင္းေမာ္ၿမိဳ႕၊ စိန္ဂ်ဳိးဇက္ဘုရားေက်ာင္း တုိ႔မွ အိမ္ေထာင္စု ၁၇ စု၊ လူဦးေရ ၁ဝ၅ ဦးႏွင့္ အိမ္ေထာင္ပရိေဘာဂ ပစၥည္းမ်ားအား တပ္မေတာ္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ၎တို႔ ေက်းရြာသုိ႔ ျပန္လည္ ပုိ႔ေဆာင္ေပးသည္။ 

ထုိ႔ျပင္ နန္ဆန္ယန္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး႐ုံး၌ တုိက္ပြဲေရွာင္ ျပည္သူမ်ားအား ျပည္နယ္လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီး ဗုိလ္မွဴးႀကီးေနလင္းထြန္းႏွင့္ ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ားႏွင့္ ဌာနဆုိင္ရာ တာဝန္ရွိသူမ်ားက သြားေရာက္ေတြ႕ဆုံ၍ ေက်းရြာျပန္လည္ ထူေထာင္ေရးအတြက္ တုိက္ပြဲေရွာင္ ျပည္သူမ်ားအား ဆန္၊ ဆီ၊ ဆား၊ ပဲ၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ အာလူး၊ လူသုံးကုန္ပစၥည္းမ်ားႏွင့္ ေထာက္ပံ့ေငြမ်ားကုိ ေပးအပ္ ရာ အိမ္ေထာင္စုဝင္ အသီးသီးက လက္ခံရယူၿပီး တုိက္ပြဲေရွာင္ျပည္သူမ်ား ကုိယ္စား ရပ္မိ ရပ္ဖတစ္ဦးက ေက်းဇူးတင္စကား ျပန္လည္ ေျပာၾကားသည္။ ယင္းတိုက္ပြဲေရွာင္ ျပည္သူမ်ားအား တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်းရြာရွိ စိန္ေပါလ္ဘုရားေက်ာင္း၌ လုိအပ္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရိွသည္။ 

(Unicode Version) 

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ တိုက်ပွဲရှောင် ပြည်သူများအား ၎င်းတို့နေရပ်သို့ ပြန်လည် ပို့ဆောင် 

နေပြည်တော် ဇန်နဝါရီ ၃ဝ 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာအုပ်စု၊ နန်ဆန်ယန် ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏နေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်သား များက ဇန်နဝါရီ ၂ဝ ရက်မှ ၂၆ ရက်ထိ ကျေးရွာအတွင်းရှိ နေအိမ်များ၊ စာသင်ကျောင်းများ၊ သာသနာရေးဆိုင်ရာ အဆောက်အအုံများနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေး ခြင်း၊ ရေတွင်း၊ ရေကန်များတွင် သန့်ရှင်း သောသောက်သုံးရေ ရရှိစေရေး ဆောင်ရွက် ပေးခြင်းနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါတိုက်ပွဲရှောင်ပြည်သူများအား ယနေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များလိုက်ပါ၍ ၎င်းတို့ခေတ္တတည်းခို နေထိုင်လျက်ရှိသည့် မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာ ရပ်ကွက်ရှိ စိန်ကိုလန်ဘန်ကသီဒြယ် ဘုရားကျောင်းနှင့် ဝိုင်းမော်မြို့၊ စိန်ဂျိုးဇက်ဘုရားကျောင်း တို့မှ အိမ်ထောင်စု ၁၇ စု၊ လူဦးရေ ၁ဝ၅ ဦးနှင့် အိမ်ထောင်ပရိဘောဂ ပစ္စည်းများအား တပ်မတော် မော်တော်ယာဉ်များဖြင့် ၎င်းတို့ ကျေးရွာသို့ ပြန်လည် ပို့ဆောင်ပေးသည်။ 

ထို့ပြင် နန်ဆန်ယန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ တိုက်ပွဲရှောင် ပြည်သူများအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ကျေးရွာပြန်လည် ထူထောင်ရေးအတွက် တိုက်ပွဲရှောင် ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ် ရာ အိမ်ထောင်စုဝင် အသီးသီးက လက်ခံရယူပြီး တိုက်ပွဲရှောင်ပြည်သူများ ကိုယ်စား ရပ်မိ ရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ယင်းတိုက်ပွဲရှောင် ပြည်သူများအား တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ စိန်ပေါလ်ဘုရားကျောင်း၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News