UN Peacekeeping Operation Course ဆိုင္ရာသင္တန္းဖြင့္လွစ္ 

UN Peacekeeping Operation Course ဆိုင္ရာသင္တန္းဖြင့္လွစ္ 

 

ေနျပည္ေတာ္ ၊ ေဖေဖာ္၀ါရီ - ၄ 

ျမန္မာ့တပ္မေတာ္အေနျဖင့္ ကုလသမဂၢၿငိမ္းခ်မ္းေရးထိန္းသိမ္းေစာင့္ေရွာက္မႈ ဆိုင္ရာ တာ၀န္မ်ားထမ္းေဆာင္ႏိုင္ရန္အတြက္ ျမန္မာ့တပ္မေတာ္ႏွင့္ အိႏိၵယ တပ္မေတာ္တို႔ ပူးေပါင္းေဆာင္ရြက္ဖြင့္လွစ္ေသာကုလသမဂၢၿငိမ္းခ်မ္းေရးထိန္း သိမ္းမႈဆိုင္ရာသင္တန္း UN Peacekeeping Operation Course ဖြင့္ပြဲအခမ္းအနားကို ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ Park Royal ဟိုတယ္၌ က်င္းပျပဳလုပ္သည္။ 

အဆုိပါဖြင့္ပြဲအခမ္းအနားသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိ ႀကီးမ်ား၊ ျမန္မာႏိုင္ငံဆုိင္ရာ အိႏိၵယႏိုင္ငံသံအမတ္ႀကီး H.E.Mr. Saurabh Kumar ႏွင့္ စစ္သံမွဴး Col. Naveen Mahajan ၊ အိႏိၵယတပ္မေတာ္ Centre for United Nations Peacekeeping (CUNPK) မွ နည္းျပအရာရွိမ်ား၊ ျမန္မာ့တပ္မေတာ္မွ သင္တန္းသားစစ္သည္မ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ ျမန္မာ ႏိုင္ငံဆုိင္ရာ H.E.Mr. Saurabh Kumar တုိ႔က အဖြင့္အမွာစကားအသီးသီးေျပာၾကားၾကသည္။ 

ထုိ႔ေနာက္ အိႏိၵယႏိုင္ငံ Centre for United Nations Peacekeeping (CUNPK) မွ နည္းျပအရာရွိတစ္ဦးက အိႏိၵယႏိုင္ငံ၏ UN Peacekeeping Operation တြင္ ပါ၀င္ေဆာင္ရြက္ေနမႈအေျခအေနမ်ားအား Power Point ျဖင့္ ရွင္းလင္း တင္ျပသည္။ 

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ အဖြဲ႕၀င္မ်ားသည္ ဖြင့္ပြဲအခမ္းအနားသို႔ တက္ေရာက္လာၾကသူမ်ား၊ (CUNPK) မွ နည္းျပအရာရွိမ်ား၊ သင္တန္းသားမ်ား ႏွင့္ အတူ အမွတ္တရစုေပါင္းဓာတ္ပံု႐ိုက္ၾကသည္။ 

အဆုိပါသင္တန္းမွာ (၆) ႀကိမ္ေျမာက္ဖြင့္လွစ္ျခင္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ အရာရွိ ၉၆ ဦး၊ စစ္သည္ ၅၄ ဦးတက္ေရာက္ခဲ့ၿပီး ယခုသင္တန္း၌ စစ္သည္ ၃၀ ဦးတက္ေရာက္ၾကမည္ျဖစ္ေၾကာင္း သိရွိရၿပီး သင္တန္း၌ ကုလ သမဂၢၿငိမ္းခ်မ္းေရး ထိန္းသိမ္းမႈတပ္ဖြဲ႕၀င္မ်ား ေစာင့္ထိန္းလိုက္နာရမည့္ က်င့္၀တ္မ်ား၊ အရပ္သားမ်ားအား ကာကြယ္ ေစာင့္ေရွာက္မႈ၊ ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္မႈ၊ စစ္ဘက္-အရပ္ဘက္ ပူးေပါင္းေဆာင္ရြက္မႈ၊ ကင္းလွည့္ျခင္း ၊ယာဥ္တန္း လံုၿခံဳေရးေဆာင္ရြက္ျခင္း၊ တပ္ခြဲ အေျခခ်စခန္းတည္ေဆာက္ျခင္း ၊ေလ့က်င့္ခန္းႀူကနံနူာနအ ၊ကုလသမဂၢၿငိမ္းခ်မ္းေရး ထိန္းသိမ္းမႈလုပ္ငန္းမ်ား၏ သမိုင္းေၾကာင္းႏွင့္ေဆာင္ရြက္ေနမႈမ်ား စသည့္ဘာသာရပ္မ်ားအား စာေတြ႕၊ လက္ေတြ႕ ေလ့က်င့္ သင္ၾကားေပးသြားမည္ျဖစ္ၿပီး ေဖေဖာ္၀ါရီ ၁၅ ရက္အထိ ဖြင့္လွစ္သင္ၾကားသြားမည္ျဖစ္ေၾကာင္းသတင္းရရွိသည္။ 

 

(Unicode Version)

 

UN Peacekeeping Operation Course ဆိုင်ရာသင်တန်းဖွင့်လှစ် 

နေပြည်တော် ၊ ဖေဖော်ဝါရီ - ၄ 

မြန်မာ့တပ်မတော်အနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှု ဆိုင်ရာ တာဝန်များထမ်းဆောင်နိုင်ရန်အတွက် မြန်မာ့တပ်မတော်နှင့် အိန္ဒိယ တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်ဖွင့်လှစ်သောကုလသမဂ္ဂငြိမ်းချမ်းရေးထိန်း သိမ်းမှုဆိုင်ရာသင်တန်း UN Peacekeeping Operation Course ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်သည်။ 

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Saurabh Kumar နှင့် စစ်သံမှူး Col. Naveen Mahajan ၊ အိန္ဒိယတပ်မတော် Centre for United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိများ၊ မြန်မာ့တပ်မတော်မှ သင်တန်းသားစစ်သည်များ တက်ရောက်ကြသည်။ 

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာ နိုင်ငံဆိုင်ရာ H.E.Mr. Saurabh Kumar တို့က အဖွင့်အမှာစကားအသီးသီးပြောကြားကြသည်။ 

ထို့နောက် အိန္ဒိယနိုင်ငံ Centre for United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိတစ်ဦးက အိန္ဒိယနိုင်ငံ၏ UN Peacekeeping Operation တွင် ပါဝင်ဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြသည်။ 

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများ၊ (CUNPK) မှ နည်းပြအရာရှိများ၊ သင်တန်းသားများ နှင့် အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။ 

အဆိုပါသင်တန်းမှာ (၆) ကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အရာရှိ ၉၆ ဦး၊ စစ်သည် ၅၄ ဦးတက်ရောက်ခဲ့ပြီး ယခုသင်တန်း၌ စစ်သည် ၃၀ ဦးတက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရပြီး သင်တန်း၌ ကုလ သမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများအား ကာကွယ် စောင့်ရှောက်မှု၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း ၊ယာဉ်တန်း လုံခြုံရေးဆောင်ရွက်ခြင်း၊ တပ်ခွဲ အခြေချစခန်းတည်ဆောက်ခြင်း ၊လေ့ကျင့်ခန်းြူကနံနူာနအ ၊ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများ၏ သမိုင်းကြောင်းနှင့်ဆောင်ရွက်နေမှုများ စသည့်ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ 

Recent News