မုိင္းျဖတ္ၿမိဳ႕၊ (၂၇) ႀကိမ္ေျမာက္ လားဟူ႐ုိးရာ ယဥ္ေက်းမႈ စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္ျပဳလုပ္

မုိင္းျဖတ္ၿမိဳ႕၊ (၂၇) ႀကိမ္ေျမာက္ လားဟူ႐ုိးရာ ယဥ္ေက်းမႈ စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္ျပဳလုပ္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၄ 

 

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ မုိင္းျဖတ္ၿမိဳ႕၊ (၂၇)ႀကိမ္ေျမာက္ လားဟူ႐ုိးရာယဥ္ေက်းမႈ စုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကုိ ယေန႔နံနက္ ပုိင္းတြင္ မုိင္းျဖတ္ၿမိဳ႕နယ္၊ အားကစားကြင္း၌ ျပဳလုပ္ရာ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ ခင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာနဆုိင္ရာ တာဝန္ရွိသူမ်ား၊ လားဟူတုိင္းရင္းသားေခါင္း ေဆာင္မ်ား၊ ဖိတ္ၾကား ထားသူမ်ားႏွင့္ လားဟူ တုိင္းရင္းသားမ်ား တက္ေရာက္ၾကသည္။ ဦးစြာ လားဟူ႐ုိးရာ ယဥ္ေက်းမႈစုေပါင္း ႏွစ္သစ္ကူးပြဲေတာ္အား ဖဲႀကိဳးျဖတ္ဖြင့္လွစ္ ၿပီးေနာက္ လားဟူ႐ုိးရာ လက္ေဆး မဂၤလာ ယူျခင္းမ်ားေဆာင္ရြက္ၾကၿပီး တုိင္းမွဴးက ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္ အမွာစကားေျပာ ၾကားသည္။ 

 

 ထုိ႔ေနာက္ တုိင္းမွဴးက လားဟူတုိင္းရင္း သားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္က်င္းပေရး အတြက္ အလွဴေငြမ်ား ေပးအပ္ရာ တာဝန္ရွိ သူတစ္ဦးမွ လက္ခံရယူခဲ့သည္။ ယင္းေနာက္ ၂ဝ၁၆-၂ဝ၁၇ ခုႏွစ္ ပညာသင္ႏွစ္၊ ၂ဝ၁၇- ၂ဝ၁၈ ခုႏွစ္ ပညာသင္ ႏွစ္မ်ားတြင္ တကၠသုိလ္ ဝင္တန္းေအာင္ျမင္ခဲ့ေသာ လားဟူတုိင္း ရင္းသားေက်ာင္းသား၊ ေက်ာင္းသူ မ်ားအား တုိင္းမွဴးႏွင့္ တာဝန္ရွိသူမ်ားက ဂုဏ္ျပဳမွတ္ တမ္းလႊာမ်ား အသီးသီး ေပးအပ္ၾကၿပီး လားဟူ တုိင္းရင္းသားမ်ား ကုိယ္စား ကိုယ္စားလွယ္ တစ္ဦးက ေက်းဇူးတင္ စကား ျပန္လည္ ေျပာၾကားသည္။ 

 

ဆက္လက္၍ စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္ က်င္းပေရးေကာ္မတီမွ တက္ေရာက္လာၾက သူမ်ားအား ႐ုိးရာအက မ်ားျဖင့္ ေဖ်ာ္ေျဖခဲ့ ၾကၿပီး စုေပါင္းႏွစ္သစ္ကူးမိတ္ဆုံစားပြဲျဖင့္ တည္ခင္းဧည့္ခံခဲ့ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

မိုင်းဖြတ်မြို့၊ (၂၇) ကြိမ်မြောက် လားဟူရိုးရာ ယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူး ပွဲတော်ပြုလုပ် 

နေပြည်တော် ဖေဖော်ဝါရီ ၄ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့၊ (၂၇)ကြိမ်မြောက် လားဟူရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက် ပိုင်းတွင် မိုင်းဖြတ်မြို့နယ်၊ အားကစားကွင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လားဟူတိုင်းရင်းသားခေါင်း ဆောင်များ၊ ဖိတ်ကြား ထားသူများနှင့် လားဟူ တိုင်းရင်းသားများ တက်ရောက်ကြသည်။ ဦးစွာ လားဟူရိုးရာ ယဉ်ကျေးမှုစုပေါင်း နှစ်သစ်ကူးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပြီးနောက် လားဟူရိုးရာ လက်ဆေး မင်္ဂလာ ယူခြင်းများဆောင်ရွက်ကြပြီး တိုင်းမှူးက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြော ကြားသည်။ 

ထို့နောက် တိုင်းမှူးက လားဟူတိုင်းရင်း သားစုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပရေး အတွက် အလှူငွေများ ပေးအပ်ရာ တာဝန်ရှိ သူတစ်ဦးမှ လက်ခံရယူခဲ့သည်။ ယင်းနောက် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ပညာသင်နှစ်၊ ၂ဝ၁၇- ၂ဝ၁၈ ခုနှစ် ပညာသင် နှစ်များတွင် တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့သော လားဟူတိုင်း ရင်းသားကျောင်းသား၊ ကျောင်းသူ များအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ် တမ်းလွှာများ အသီးသီး ပေးအပ်ကြပြီး လားဟူ တိုင်းရင်းသားများ ကိုယ်စား ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။ 

ဆက်လက်၍ စုပေါင်းနှစ်သစ်ကူး ပွဲတော် ကျင်းပရေးကော်မတီမှ တက်ရောက်လာကြ သူများအား ရိုးရာအက များဖြင့် ဖျော်ဖြေခဲ့ ကြပြီး စုပေါင်းနှစ်သစ်ကူးမိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News