ေကတုမတီၿမိဳ႕၏ ပၪၥမအႀကိမ္ေျမာက္ ၿမိဳ႕လံုးကြၽတ္ သပိတ္လံုး ဆြမ္းေလာင္းလွဴပြဲျပဳလုပ္

ေကတုမတီၿမိဳ႕၏ ပၪၥမအႀကိမ္ေျမာက္ ၿမိဳ႕လံုးကြၽတ္ သပိတ္လံုး ဆြမ္းေလာင္းလွဴပြဲျပဳလုပ္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၄ 

 

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ေကတုမတီၿမိဳ႕၏ ပၪၥမအႀကိမ္ေျမာက္ ၿမိဳ႕လံုးကြၽတ္သပိတ္လံုး ဆြမ္းေလာင္းလွဴပြဲကို ယေန႔နံနက္ပိုင္းတြင္ ေကတုမတီၿမိဳ႕၊ ျမတ္ဒါနဘံု ဆြမ္းေလာင္းဓမၼာ႐ံု၌ျပဳလုပ္ရာ သံဃာေတာ္ ၁၃၄ ပါးႏွင့္ သာသနာ့အႏြယ္ဝင္ သီလရွင္ ဆရာႀကီး၊ ဆရာေလး ၁၇ ပါး၊ စုစုေပါင္း ၁၅၁ ပါးၾကြေရာက္ေတာ္မူၾကၿပီး ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖဲြ႕ဝင္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ား၊ ဓမၼာ႐ံု အသင္းသားမ်ား၊ ေစတနာရွင္ ျပည္သူမ်ား တက္ေရာက္ၾကသည္။

 

 ဦးစြာ သံဃာေတာ္မ်ားႏွင့္ သာသနာ့ အႏြယ္ဝင္သီလရွင္ ဆရာႀကီး၊ ဆရာေလးမ်ားသည္ ေကတုမတီၿမိဳ႕၊ ၿမိဳ႕မေက်ာင္းတိုက္ စုရပ္မွစတင္၍ ျပည္ေထာင္စု လမ္းမႀကီးအတုိင္း ၾကြခ်ီေတာ္မူလာၾကရာ တုိင္းမွဴးႏွင့္ အဖဲြ႕ဝင္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ား၊ ေစတနာရွင္ အလွဴရွင္မ်ားက ျမတ္ဒါနဘံု ဆြမ္းေလာင္းဓမၼာ႐ံုေရွ႕ ျပည္ေထာင္စုလမ္းမႀကီး တစ္ေလွ်ာက္၌ သပိတ္လံုး ဆြမ္းမ်ားႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ေလာင္းလွဴ ပူေဇာ္ခဲ့ၾကေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

ကေတုမတီမြို့၏ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ် သပိတ်လုံး ဆွမ်းလောင်းလှူပွဲပြုလုပ် 

နေပြည်တော် ဖေဖော်ဝါရီ ၄ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ကေတုမတီမြို့၏ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ်သပိတ်လုံး ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ကေတုမတီမြို့၊ မြတ်ဒါနဘုံ ဆွမ်းလောင်းဓမ္မာရုံ၌ပြုလုပ်ရာ သံဃာတော် ၁၃၄ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေး ၁၇ ပါး၊ စုစုပေါင်း ၁၅၁ ပါးကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဓမ္မာရုံ အသင်းသားများ၊ စေတနာရှင် ပြည်သူများ တက်ရောက်ကြသည်။ 

ဦးစွာ သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင်သီလရှင် ဆရာကြီး၊ ဆရာလေးများသည် ကေတုမတီမြို့၊ မြို့မကျောင်းတိုက် စုရပ်မှစတင်၍ ပြည်ထောင်စု လမ်းမကြီးအတိုင်း ကြွချီတော်မူလာကြရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စေတနာရှင် အလှူရှင်များက မြတ်ဒါနဘုံ ဆွမ်းလောင်းဓမ္မာရုံရှေ့ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်၌ သပိတ်လုံး ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Recent News