ေကတုမတီၿမိဳ႕၊ ေကတုမတီသီတဂူ ဗုဒၶတကၠသိုလ္မွ သံဃာေတာ္မ်ားအား စာေရးကိရိယာႏွင့္ နဝကမၼ အလွဴေငြမ်ား ဆက္ကပ္လွဴဒါန္း၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေကတုမတီၿမိဳ႕၊ ေကတုမတီသီတဂူ ဗုဒၶတကၠသိုလ္မွ သံဃာေတာ္မ်ားအား စာေရးကိရိယာႏွင့္ နဝကမၼ အလွဴေငြမ်ား ဆက္ကပ္လွဴဒါန္း၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၅ 

 

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ ေကတုမတီၿမိဳ႕ရွိ ေကတုမတီသီတဂူ ဗုဒၶတကၠသိုလ္မွ စာသင္၊ စာခ် သံဃာေတာ္မ်ားအား စာေရးကိရိယာႏွင့္ နဝကမၼအလွဴေငြမ်ား ဆက္ကပ္လွဴဒါန္းပြဲကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါ သီတဂူ ဗုဒၶတကၠသိုလ္၌ ျပဳလုပ္ရာေကတုမတီ သီတဂူဗုဒၶ တကၠသိုလ္ေက်ာင္းဆရာေတာ္ ဘဒၵႏၲတိကၶသာရ အမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ မ်ဳိးဝင္းႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။ ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾက သူမ်ားက စာသင္၊ စာခ် သံဃာေတာ္မ်ားအား အ႐ုဏ္ဆြမ္း ေလာင္းလွဴၾကသည္။

 

ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက သီတဂူဗုဒၶတကၠသိုလ္ေက်ာင္း ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး စာေရးကိရိယာႏွင့္ နဝကမၼ အလွဴေငြမ်ား ဆက္ကပ္ လွဴဒါန္းသည္။ ထုိ႔ျပင္ အဆိုပါသီတဂူ ဗုဒၶတကၠသိုလ္မွ စာသင္၊စာခ် သံဃာေတာ္ ၈ဝ ပါးအား တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖဲြ႕က ေသြးတိုးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ အေရျပားေရာဂါ၊ ႏွလံုးေရာဂါ၊ အ႐ိုး/ အေၾကာေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးျခင္း၊ECG စက္၊ Ultrasound စက္မ်ားျဖင့္ ေရာဂါရွာေဖြ စမ္းသပ္စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္လိုအပ္ေသာ သံဃာေတာ္မ်ားအား ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသုိ႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ကေတုမတီမြို့၊ ကေတုမတီသီတဂူ ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များအား စာရေးကိရိယာနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဖေဖော်ဝါရီ ၅ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ ကေတုမတီသီတဂူ ဗုဒ္ဓတက္ကသိုလ်မှ စာသင်၊ စာချ သံဃာတော်များအား စာရေးကိရိယာနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ သီတဂူ ဗုဒ္ဓတက္ကသိုလ်၌ ပြုလုပ်ရာကေတုမတီ သီတဂူဗုဒ္ဓ တက္ကသိုလ်ကျောင်းဆရာတော် ဘဒ္ဒန္တတိက္ဓသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက စာသင်၊ စာချ သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူကြသည်။ 

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး စာရေးကိရိယာနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ် လှူဒါန်းသည်။ ထို့ပြင် အဆိုပါသီတဂူ ဗုဒ္ဓတက္ကသိုလ်မှ စာသင်၊စာချ သံဃာတော် ၈ဝ ပါးအား တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ နှလုံးရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ECG စက်၊ Ultrasound စက်များဖြင့် ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော သံဃာတော်များအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News