က်ဳိင္းတုံၿမိဳ႕နယ္၏ (၃၈)ႀကိမ္ေျမာက္ လားဟူ႐ိုးရာ စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္ျပဳလုပ္ 

က်ဳိင္းတုံၿမိဳ႕နယ္၏ (၃၈)ႀကိမ္ေျမာက္ လားဟူ႐ိုးရာ စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္ျပဳလုပ္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၅

 

 ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတုံၿမိဳ႕နယ္၏ (၃၈)ႀကိမ္ေျမာက္ လားဟူ႐ိုးရာ စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္ကို ယေန႔နံနက္ပိုင္းတြင္ က်ဳိင္းတုံၿမိဳ႕၊ ၿမိဳ႕မ အားကစားကြင္း၌ ျပဳလုပ္ရာ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ လားဟူတိုင္းရင္းသား ေခါင္းေဆာင္မ်ား၊ဖိတ္ၾကားထားသူ မ်ားႏွင့္ ေဒသခံ တိုင္းရင္းသားျပည္သူမ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ တိုင္းမွဴးက ႏွစ္သစ္ႏႈတ္ခြန္းဆက္စကား ေျပာၾကားၿပီး လားဟူတိုင္းရင္းသား စုေပါင္း ႏွစ္သစ္ကူးပြဲေတာ္ က်င္းပေရးအတြက္ အလွဴေငြမ်ား ေပးအပ္ရာ တာဝန္ရွိသူတစ္ဦးက လက္ခံရယူသည္။ထို႔ေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ တုိင္းရင္းသား႐ိုးရာ အကအဖြဲ႕ မ်ား၏ ႐ိုးရာအကမ်ားျဖင့္ ေဖ်ာ္ေျဖမႈမ်ားအား ၾကည့္႐ႈအားေပးၿပီး လားဟူစာေပႏွင့္ ႐ိုးရာ ယဥ္ေက်းမႈ ျပခန္းအား လွည့္လည္ ၾကည့္႐ႈခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ကျိုင်းတုံမြို့နယ်၏ (၃၈)ကြိမ်မြောက် လားဟူရိုးရာ စုပေါင်းနှစ်သစ်ကူး ပွဲတော်ပြုလုပ် 

နေပြည်တော် ဖေဖော်ဝါရီ ၅ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၏ (၃၈)ကြိမ်မြောက် လားဟူရိုးရာ စုပေါင်းနှစ်သစ်ကူး ပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ မြို့မ အားကစားကွင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လားဟူတိုင်းရင်းသား ခေါင်းဆောင်များ၊ဖိတ်ကြားထားသူ များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားပြီး လားဟူတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော် ကျင်းပရေးအတွက် အလှူငွေများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားရိုးရာ အကအဖွဲ့ များ၏ ရိုးရာအကများဖြင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး လားဟူစာပေနှင့် ရိုးရာ ယဉ်ကျေးမှု ပြခန်းအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

Recent News