ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၁) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး တတိယေန႔ က်င္းပေနမႈ တိုက္႐ိုက္ထုတ္လႊင့္ေနစဥ္ ျပတ္ေတာက္မႈျဖစ္ပြားျခင္းမွာ Fiber Network လိုင္းႏွင့္ သက္ဆိုင္ျခင္း မရွိ

 

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၇

ဒုတိယအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ (၁၁)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး တတိယေန႔ က်င္းပေနမႈမ်ားကို ဇန္နဝါရီ ၂၉ ရက္ နံနက္ပိုင္းမွစတင္၍ MRTV လႊတ္ေတာ္ ႐ုပ္သံလိုင္းမွ တိုက္႐ိုက္ ထုတ္လႊင့္ျပသခဲ့ၿပီး တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးက အေရးႀကီး အဆိုတင္သြင္းျခင္း အေပၚ ေဆြးေႏြးေနစဥ္ မြန္းလြဲ ၂ နာရီ မိနစ္ ၂ဝ မွ ၂၅ မိနစ္အထိ ၅ မိနစ္ခန္႔ လႊတ္ေတာ္ အစည္းအေဝး   က်င္းပေနမႈ ထုတ္လႊင့္ျခင္း ျပတ္ေတာက္၍ ေတးသီခ်င္းမ်ားကုိ ထုတ္လႊင့္ျပသခဲ့သည္။

ယင္းသို႔ထုတ္လႊင့္ျခင္း ျပတ္ေတာက္မႈမွာ Fiber  Network  လုိင္းက်ျခင္းေၾကာင့္ ျပတ္ေတာက္ခဲ့မႈ ျဖစ္ေၾကာင္းကို ျမန္မာ့အလင္း၊ ေၾကးမုံ သတင္းစာမ်ားႏွင့္ MOI Webportal  Myanmar တို႔၌ ေဖေဖာ္ဝါရီ  ၁ ရက္တြင္  ေရးသား ေဖာ္ျပ ထားမႈကို ေတြ႕ရွိရသည္။

လႊတ္ေတာ္ႏွင့္ ျမန္မာ့အသံအၾကား ဆက္သြယ္ထားေသာ Fiber  Network လိုင္းက်ျခင္းအား MRTV (တပ္ကုန္း) မွ ဆက္သြယ္မႈ တာဝန္ခံက ဇန္နဝါရီ ၂၈ ရက္တြင္ ေနျပည္ေတာ္ရိွ  တပ္မေတာ္ ဆက္သြယ္ေရးလုပ္ငန္း တာဝန္ခံ အရာရွိသို႔ ဖုန္းျဖင့္ အေၾကာင္းၾကား လာခဲ့သျဖင့္ ဇန္နဝါရီ ၂၉ရက္ နံနက္ ၈ နာရီမွစ၍ စစ္ေဆး ျပဳျပင္မႈမ်ား ေဆာင္ရြက္ခဲ့ပါသည္။ ေဆာင္ရြက္ခ်ိန္တြင္လည္း MRTV (တပ္ကုန္း)မွ တာဝန္ရွိသူႏွင့္ စစ္ေဆးေရး  အဖြဲ႕တို႔  အျပန္အလွန္ ဖုန္းအဆက္အသြယ္ရယူ၍ ေဆာင္ရြက္ခဲ့ၿပီး ၎ေန႔ ညေန ၄ နာရီ ၄၅ မိနစ္တြင္ ျပင္ဆင္ ၿပီးစီးခဲ့ပါသည္။

စစ္ေဆးျပဳျပင္မႈမ်ား ျပဳလုပ္ေနစဥ္ကာလအတြင္း  Fiber  Network လိုင္းအား အသုံးျပဳႏိုင္ျခင္း မရွိသျဖင့္ MRTV မွ နံနက္  ၁ဝ နာရီေနာက္ပိုင္း ထုတ္လႊင့္ေနေသာ ထုတ္လႊင့္မႈ အားလုံးသည္ အျခားနည္းလမ္းျဖင့္သာ ထုတ္လႊင့္ ခဲ့ျခင္း ျဖစ္ေၾကာင္း ေတြ႕ရွိရပါသည္။

သုိ႔ျဖစ္ပါ၍ MRTV မွ ဇန္နဝါရီ ၂၉ ရက္ မြန္းလြဲ ၂ နာရီ မိနစ္ ၂ဝ မွ ၂၅ မိနစ္အထိ ႐ုပ္သံ ထုတ္လႊင့္မႈ ျပတ္ေတာက္ ျခင္းမွာ Fiber  Network လိုင္းႏွင့္ ပတ္သက္ သက္ဆိုင္မႈ မရွိပါေၾကာင္း သတင္းထုတ္ျပန္အပ္ပါသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပနေမှု တိုက်ရိုက်ထုတ်လွှင့်နေစဉ် ပြတ်တောက်မှုဖြစ်ပွားခြင်းမှာ Fiber Network လိုင်းနှင့် သက်ဆိုင်ခြင်း မရှိ

နေပြည်တော်  ဖေဖော်ဝါရီ  ၇

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပနေမှုများကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းမှစတင်၍ MRTV လွှတ်တော် ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက အရေးကြီး အဆိုတင်သွင်းခြင်း အပေါ် ဆွေးနွေးနေစဉ် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ မှ ၂၅ မိနစ်အထိ ၅ မိနစ်ခန့် လွှတ်တော် အစည်းအဝေး   ကျင်းပနေမှု ထုတ်လွှင့်ခြင်း ပြတ်တောက်၍ တေးသီချင်းများကို ထုတ်လွှင့်ပြသခဲ့သည်။

ယင်းသို့ထုတ်လွှင့်ခြင်း ပြတ်တောက်မှုမှာ Fiber  Network  လိုင်းကျခြင်းကြောင့် ပြတ်တောက်ခဲ့မှု ဖြစ်ကြောင်းကို မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများနှင့် MOI Webportal  Myanmar တို့၌ ဖေဖော်ဝါရီ  ၁ ရက်တွင်  ရေးသား ဖော်ပြ ထားမှုကို တွေ့ရှိရသည်။

လွှတ်တော်နှင့် မြန်မာ့အသံအကြား ဆက်သွယ်ထားသော Fiber  Network လိုင်းကျခြင်းအား MRTV (တပ်ကုန်း) မှ ဆက်သွယ်မှု တာဝန်ခံက ဇန်နဝါရီ ၂၈ ရက်တွင် နေပြည်တော်ရှိ  တပ်မတော် ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံ အရာရှိသို့ ဖုန်းဖြင့် အကြောင်းကြား လာခဲ့သဖြင့် ဇန်နဝါရီ ၂၉ရက် နံနက် ၈ နာရီမှစ၍ စစ်ဆေး ပြုပြင်မှုများ ဆောင်ရွက်ခဲ့ပါသည်။ ဆောင်ရွက်ချိန်တွင်လည်း MRTV (တပ်ကုန်း)မှ တာဝန်ရှိသူနှင့် စစ်ဆေးရေး  အဖွဲ့တို့  အပြန်အလှန် ဖုန်းအဆက်အသွယ်ရယူ၍ ဆောင်ရွက်ခဲ့ပြီး ၎င်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြင်ဆင် ပြီးစီးခဲ့ပါသည်။

စစ်ဆေးပြုပြင်မှုများ ပြုလုပ်နေစဉ်ကာလအတွင်း  Fiber  Network လိုင်းအား အသုံးပြုနိုင်ခြင်း မရှိသဖြင့် MRTV မှ နံနက်  ၁ဝ နာရီနောက်ပိုင်း ထုတ်လွှင့်နေသော ထုတ်လွှင့်မှု အားလုံးသည် အခြားနည်းလမ်းဖြင့်သာ ထုတ်လွှင့် ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ MRTV မှ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ မှ ၂၅ မိနစ်အထိ ရုပ်သံ ထုတ်လွှင့်မှု ပြတ်တောက် ခြင်းမှာ Fiber  Network လိုင်းနှင့် ပတ်သက် သက်ဆိုင်မှု မရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Recent News