တပ္မေတာ္ နယ္လွည့္ အထူးကု ေဆး အဖြဲ႕မ်ား ပါဝင္ေသာ တပ္မေတာ္ ပင္လယ္သြား ေဆး႐ံုေရယာဥ္ (သံလြင္) တနသၤာရီတိုင္း ေဒသႀကီး အတြင္းရွိ ကမ္း႐ုိးတန္းေဒသမ်ား၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ ထြက္ခြာ

တပ္မေတာ္ နယ္လွည့္ အထူးကု ေဆး အဖြဲ႕မ်ား ပါဝင္ေသာ တပ္မေတာ္ ပင္လယ္သြား ေဆး႐ံုေရယာဥ္ (သံလြင္) တနသၤာရီတိုင္း ေဒသႀကီး အတြင္းရွိ ကမ္း႐ုိးတန္းေဒသမ်ား၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ ထြက္ခြာ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၇ 

 

တနသၤာရီတိုင္းေဒသႀကီး၊ ကမ္း႐ုိးတန္းေဒသမ်ားရွိ ေဒသခံျပည္သူ မ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးရန္ အတြက္ တပ္မေတာ္နယ္လွည့္အထူးကုေဆးအဖြဲ႕မွ ပါရဂူမ်ား၊ ေဆးမွဴး မ်ားႏွင့္ သူနာျပဳမ်ား ပါဝင္ေသာ တပ္မေတာ္ပင္လယ္သြားေဆး႐ံု ေရယာဥ္(သံလြင္)သည္ ယေန႔မြန္းလြဲပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ အမွတ္(၄) ေရတပ္ဆိပ္ခံတံတားမွ ထြက္ခြာရာ ေရတပ္ေလ့က်င့္ေရး ဌာနခ်ဳပ္ ဌာနခ်ဳပ္မွဴး ဗိုလ္ခ်ဳပ္ ေဌးႏုိင္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားက ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။ 

 

အဆုိပါ တပ္မေတာ္ ပင္လယ္သြားေဆး႐ံု ေရယာဥ္(သံလြင္)သည္ တနသၤာရီကမ္း႐ိုး တန္းေဒသတစ္ေလွ်ာက္ရွိ ၿမိဳ႕နယ္၊ ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား လုိအပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

တပ်မတော် နယ်လှည့် အထူးကု ဆေး အဖွဲ့များ ပါဝင်သော တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကမ်းရိုးတန်းဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ 

နေပြည်တော် ဖေဖော်ဝါရီ ၇ 

တနင်္သာရီတိုင်းဒေသကြီး၊ ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူး များနှင့် သူနာပြုများ ပါဝင်သော တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄) ရေတပ်ဆိပ်ခံတံတားမှ ထွက်ခွာရာ ရေတပ်လေ့ကျင့်ရေး ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် ဌေးနိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။ 

အဆိုပါ တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် တနင်္သာရီကမ်းရိုး တန်းဒေသတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News