ထိုင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ဇနီး ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္ အဖြဲ႔ ျမန္မာႏုိင္ငံသို႔ ေရာက္ရွိ

ထိုင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ဇနီး ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္ အဖြဲ႔ ျမန္မာႏုိင္ငံသို႔ ေရာက္ရွိ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၇ 

 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၏ဖိတ္ၾကားခ်က္အရ ျပည္ေထာင္စု သမၼတ ျမန္မာႏုိင္ငံသို႔ ခ်စ္ၾကည္ေရး ခရီးလည္ပတ္ရန္ အတြက္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Ponpipaat Benyasri ႏွင့္ဇနီးဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္ အဖြဲ႕သည္ ယေန႔ နံနက္ ပုိင္းတြင္ ေနျပည္ေတာ္ ေလဆိပ္သို႔ ေလေၾကာင္းခရီးျဖင့္ေရာက္ရွိ လာရာ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး (ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ ထုိင္းဘုရင့္ တပ္မေတာ္မွစစ္သံမွဴးမ်ားက ေလဆိပ္တြင္ ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ 

 

ထုိ႔ေနာက္ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕သည္ ဥပၸါတသႏိၲေစတီေတာ္သို႔ သြားေရာက္ဖူးေျမာ္ၿပီး အလွဴေငြ မ်ား ေပးအပ္ျခင္း၊ ဧည့္သည္ေတာ္ မွတ္တမ္းတြင္ လက္မွတ္ ေရးထုိးျခင္း၊ ဆင္ျဖဴေတာ္မ်ားအား ၾကည့္႐ႈျခင္းမ်ား ျပဳလုပ္ၿပီး သူရဲေကာင္းစစ္သည္ဗိမာန္သို႔ သြားေရာက္ ေလ့လာ၍ ပန္းေခြခ် အေလးျပဳကာ စုေပါင္းဓာတ္ပံု႐ုိက္ ၾကသည္။  

 

အဆုိပါ ကိုယ္စားလွယ္ အဖြဲ႕သည္ ျမန္မာႏုိင္ငံသို႔ ေရာက္ရွိေနစဥ္ အတြင္း အျခားအထင္ကရ ေနရာမ်ားသို႔ လွည့္လည္ လည္ပတ္ သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။    

 

(Unicode Version)

 

            

ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ 

နေပြည်တော် ဖေဖော်ဝါရီ ၇ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် အတွက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ponpipaat Benyasri နှင့်ဇနီးဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် လေဆိပ်သို့ လေကြောင်းခရီးဖြင့်ရောက်ရှိ လာရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးနှင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ထိုင်းဘုရင့် တပ်မတော်မှစစ်သံမှူးများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။ 

ထို့နောက် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်သို့ သွားရောက်ဖူးမြော်ပြီး အလှူငွေ များ ပေးအပ်ခြင်း၊ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးခြင်း၊ ဆင်ဖြူတော်များအား ကြည့်ရှုခြင်းများ ပြုလုပ်ပြီး သူရဲကောင်းစစ်သည်ဗိမာန်သို့ သွားရောက် လေ့လာ၍ ပန်းခွေချ အလေးပြုကာ စုပေါင်းဓာတ်ပုံရိုက် ကြသည်။ 
 

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း အခြားအထင်ကရ နေရာများသို့ လှည့်လည် လည်ပတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။   

Recent News