ထိုင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕ ျပန္လည္ထြက္ခြာ

 

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္  ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္၏ ဖိတ္ၾကားခ်က္အရ ျပည္ေထာင္စု သမၼတ ျမန္မာႏုိင္ငံသို႔  ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနသည့္ ထုိင္းဘုရင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ General  Ponpipaat  Benyasri ႏွင့္ဇနီး ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္ အဖြဲ႕သည္ ယေန႔ညေနပိုင္းတြင္ ေလေၾကာင္းခရီးျဖင့္  မဂၤလာဒံုေလတပ္စခန္း ဌာနခ်ဳပ္မွ ျပန္လည္ထြက္ခြာရာ ကာကြယ္ေရး ဦးစီးခ်ဳပ္ ႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမ်ဳိးေဇာ္သိန္း ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံ ဆိုင္ရာ ထုိင္းႏုိင္ငံ သံအမတ္ႀကီးႏွင့္ (ၾကည္း၊ ေရ၊ ေလ) စစ္သံမွဴးမ်ားက ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

အဆိုပါကုိယ္စားလွယ္ အဖြဲ႕သည္ ျမန္မာႏုိင္ငံသို႔ ေရာက္ရွိေနစဥ္အတြင္း ေဖေဖာ္ဝါရီ ၈ ရက္တြင္ ဟဲဟိုးၿမိဳ႕ရွိ ရွမ္းစကၠဴထီးလုပ္ငန္းအား ၾကည့္႐ႈေလ့လာျခင္း၊ အင္းေလးေဒသရွိ ေဖာင္ေတာ္ဦးဘုရားႏွင့္ အလိုေတာ္ေပါက္ ဘုရားသို႔ သြားေရာက္ဖူးေျမာ္ျခင္းႏွင့္ ရက္ကန္း ႐ုံမ်ားအား ၾကည့္႐ႈေလ့လာျခင္းမ်ား ေဆာင္ရြက္ခဲ့ၾကသည္။

ထို႔ျပင္ ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ေရႊတိဂံုေစတီေတာ္ႏွင့္ ဗိုလ္တေထာင္ဘုရားမ်ားသို႔  သြားေရာက္ ဖူးေျမာ္ခဲ့ၾကေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

နေပြည်တော်  ဖေဖော်ဝါရီ  ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့  ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General  Ponpipaat  Benyasri နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့်  မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ ပြန်လည်ထွက်ခွာရာ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် (ကြည်း၊ ရေ၊ လေ) စစ်သံမှူးများက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဖေဖော်ဝါရီ ၈ ရက်တွင် ဟဲဟိုးမြို့ရှိ ရှမ်းစက္ကူထီးလုပ်ငန်းအား ကြည့်ရှုလေ့လာခြင်း၊ အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားနှင့် အလိုတော်ပေါက် ဘုရားသို့ သွားရောက်ဖူးမြော်ခြင်းနှင့် ရက်ကန်း ရုံများအား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် ဗိုလ်တထောင်ဘုရားများသို့  သွားရောက် ဖူးမြော်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Recent News