တပ္မေတာ္ ပင္လယ္သြား ေဆး႐ံုေရယာဥ္ (သံလြင္)မွ တပ္မေတာ္အထူးကု ေဆးအဖြဲ႕ ကြၽန္းစုၿမိဳ႕နယ္ အတြင္းရွိ ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ 

တပ္မေတာ္ ပင္လယ္သြား ေဆး႐ံုေရယာဥ္ (သံလြင္)မွ တပ္မေတာ္အထူးကု ေဆးအဖြဲ႕ ကြၽန္းစုၿမိဳ႕နယ္ အတြင္းရွိ ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁ဝ

 

တနသၤာရီတုိင္း ေဒသႀကီး၊ ကြၽန္းစုၿမိဳ႕နယ္သို႔ တပ္မေတာ္ ပင္လယ္သြား ေဆး႐ံုေရယာဥ္ (သံလြင္)ျဖင့္ ေရာက္ရွိ ေနေသာ တပ္မေတာ္ နယ္လွည့္ အထူးကု ေဆးအဖြဲ႕သည္ ယေန႔တြင္ ကြၽန္းစုၿမိဳ႕ရွိ အုပ္ခ်ဳပ္ေရးမွဴး႐ံုး၌ ေဒသခံျပည္သူ ၈၂၇ ဦးအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့သည္။ 

 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈ ဆုိင္ရာေရာဂါ ၁၉၅ ဦး၊ ခြဲစိတ္ေရာဂါ ၁ဝ၂ ဦး၊ သားဖြား/မီးယပ္ေရာဂါ ၈၄ ဦး၊ ကေလး ေရာဂါ ၈၉ ဦး၊ အ႐ုိးေရာဂါ ၈ဝ ဦး၊ နား/ ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ ၅၇ဦး၊ မ်က္စိေရာဂါ ၁၅၅ ဦးႏွင့္ သြား ေရာဂါ ၆၅ ဦးတို႔ကို လိုအပ္သည့္ ေဆးဝါး ကုသမႈမ်ား ေဆာင္ရြက္ေပးႏုိင္ခဲ့သည္။  

 

ထုိ႔ျပင္ ဓာတ္မွန္႐ုိက္လူနာ ၄၅ဦး၊ တယ္လီေဗးရွင္း ဓာတ္မွန္႐ုိက္ လူနာ ၄၄ ဦး၊ ECG ႏွလံုး စမ္းသပ္လူနာ ၅၈ ဦး၊ ဓာတ္ခြဲ စမ္းသပ္ လူနာ ၅၅ဦးႏွင့္ ကြန္ပ်ဴတာ ဓာတ္မွန္႐ုိက္ လူနာတစ္ဦးတို႔ကို ေရာဂါရွာေဖြ စမ္းသပ္ျခင္းမ်ား ေဆာင္ ရြက္ ေပးၿပီး ေဆး႐ံု တက္ေရာက္ ကုသရန္ လိုအပ္သူ ၁၈ဦးအား ေဆး႐ံုေရယာဥ္ေပၚ၌ တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ ေဆာင္ ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော်အထူးကု ဆေးအဖွဲ့ ကျွန်းစုမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် 

နေပြည်တော် ဖေဖော်ဝါရီ ၁ဝ 

တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်သို့ တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ရောက်ရှိ နေသော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ကျွန်းစုမြို့ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံပြည်သူ ၈၂၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၉၅ ဦး၊ ခွဲစိတ်ရောဂါ ၁ဝ၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၈၄ ဦး၊ ကလေး ရောဂါ ၈၉ ဦး၊ အရိုးရောဂါ ၈ဝ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၅၇ဦး၊ မျက်စိရောဂါ ၁၅၅ ဦးနှင့် သွား ရောဂါ ၆၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၄၅ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာ ၄၄ ဦး၊ ECG နှလုံး စမ်းသပ်လူနာ ၅၈ ဦး၊ ဓာတ်ခွဲ စမ်းသပ် လူနာ ၅၅ဦးနှင့် ကွန်ပျူတာ ဓာတ်မှန်ရိုက် လူနာတစ်ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင် ရွက် ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူ ၁၈ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News