ေက်ာက္ႀကီးၿမိဳ႕နယ္၊ မံုးၿမိဳ႕ရွိ ျပည္သူ႔စစ္(ဌာေန) အဖြဲ႕ဝင္မ်ားအား ေတြ႕ဆံု၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေက်ာက္ႀကီးၿမိဳ႕နယ္၊ မံုးၿမိဳ႕ရွိ ျပည္သူ႔စစ္(ဌာေန) အဖြဲ႕ဝင္မ်ားအား ေတြ႕ဆံု၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁ဝ 

 

ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ မံုးၿမိဳ႕ရွိ ျပည္သူ႔စစ္(ဌာေန) အဖြဲ႕ဝင္မ်ားအား ေဖေဖာ္ဝါရီ ၉ ရက္ ေန႔လယ္ပိုင္းတြင္ မံုးၿမိဳ႕၊ နယ္ေျမခံတပ္ရင္းခန္းမ၌ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ေတြ႕ဆံုသည္။ ဦးစြာ တိုင္းမွဴးက အမွာစကားေျပာၾကားၿပီး ျပည္သူ႔စစ္(ဌာေန) အဖဲြ႕ဝင္မ်ား၏ တင္ျပခ်က္မ်ားအေပၚ လိုအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးၿပီး ျပည္သူ႔စစ္(ဌာေန) အဖြဲ႕ဝင္မ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့သည္။ 

 

ထို႔ျပင္ တိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါခန္းမ၌ ျပည္သူ႔စစ္(ဌာေန) အဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္ ၁၂ဝ ဦးတို႔အား ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ ငွက္ဖ်ားေရာဂါ၊ မ်က္စိေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ေပးျခင္း၊ Ultrasound စက္မ်ားျဖင့္ ေရာဂါရွာေဖြ စမ္းသပ္ေပးျခင္းမ်ား ေဆာင္ရြက္သည္။ 

 

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက လိုက္လံၾကည့္႐ႈ အားေပးၿပီး လိုအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

ကျောက်ကြီးမြို့နယ်၊ မုံးမြို့ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဖေဖော်ဝါရီ ၁ဝ 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုံးမြို့ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၉ ရက် နေ့လယ်ပိုင်းတွင် မုံးမြို့၊ နယ်မြေခံတပ်ရင်းခန်းမ၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံသည်။ ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ 

ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါခန်းမ၌ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် မိသားစုဝင် ၁၂ဝ ဦးတို့အား သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ငှက်ဖျားရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound စက်များဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက်သည်။ 

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News