ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား စာေရးကိရိယာႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ 

ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား စာေရးကိရိယာႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁ဝ 

 

စစ္ကိုင္းတိုင္းေဒသႀကီး၊ မံုရြာၿမိဳ႕ရွိ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ ေဘာ္ဒါေဆာင္တြင္ ေနထိုင္ပညာ သင္ၾကားလ်က္ရွိေသာ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ မိသားစုဝင္ ေက်ာင္းသား ၂ဝ ဦးႏွင့္ ေက်ာင္းသူ ၂၆ ဦးတို႔အား ယေန႔ နံနက္ပိုင္းတြင္ တိုင္းမွဴး ဗုိလ္ခ်ဳပ္ဖုန္းျမတ္ႏွင့္ အဖြဲ႕ဝင္မ်ားက အဆိုပါေဘာ္ဒါေဆာင္၌ သြားေရာက္ေတြ႕ဆံုၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စာေရးကိရိယာမ်ား၊ အာဟာရျပည့္ စားေသာက္ဖြယ္ရာမ်ား၊ အားေဆးမ်ား ေပးအပ္သည္။ 

 

ထုိ႔ေနာက္ အမ်ဳိးသား၊ အမ်ဳိးသမီးေဘာ္ဒါေဆာင္မ်ားအား လိုက္လံၾကည့္႐ႈၿပီး လိုအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။  

 

(Unicode Version)

 

          

ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာနှင့် စားသောက်ဖွယ်ရာများ ပေးအပ် 

နေပြည်တော် ဖေဖော်ဝါရီ ၁ဝ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဘော်ဒါဆောင်တွင် နေထိုင်ပညာ သင်ကြားလျက်ရှိသော တပ်ရင်း/တပ်ဖွဲ့များမှ မိသားစုဝင် ကျောင်းသား ၂ဝ ဦးနှင့် ကျောင်းသူ ၂၆ ဦးတို့အား ယနေ့ နံနက်ပိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက အဆိုပါဘော်ဒါဆောင်၌ သွားရောက်တွေ့ဆုံပြီး ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ၊ အာဟာရပြည့် စားသောက်ဖွယ်ရာများ၊ အားဆေးများ ပေးအပ်သည်။ 
 

ထို့နောက် အမျိုးသား၊ အမျိုးသမီးဘော်ဒါဆောင်များအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။  

Recent News