ေတာင္ငူၿမိဳ႕နယ္၊ ရြာသစ္ေက်းရြာရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေတာင္ငူၿမိဳ႕နယ္၊ ရြာသစ္ေက်းရြာရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁ဝ 

 

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ ရြာသစ္ေက်းရြာရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ေဖေဖာ္ဝါရီ ၉ ရက္ နံနက္ပုိင္းတြင္ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားႏွင့္ က်န္းမာေရးအသိပညာေပး ေဟာေျပာျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူ စုစုေပါင္း ၂၁၅ ဦးတုိ႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ အစာအိမ္ေရာဂါ၊ ကေလးေရာဂါ၊ ေသြးတုိးေရာဂါ၊ ႏွလံုးေရာဂါ၊ အ႐ိုး/ အေၾကာေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လုိအပ္သူ ၁၂ ဦးကို ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသုိ႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ 

 

 ထုိ႔ေနာက္ ေဆးကုသေရးအဖြဲ႕က ေသြးတုိးေရာဂါ အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ပတ္သက္၍ က်န္းမာေရး အသိပညာေပး ေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗုိလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားကသြားေရာက္ၾကည့္႐ႈ အားေပးကာ ေဒသခံျပည္သူမ်ားအား ေဆးမ်က္မွန္မ်ား တပ္ဆင္လွဴဒါန္းေပး၍ သုတ၊ ရသစာေစာင္မ်ား၊ ျမဝတီ သတင္းစာ မ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ ယင္းေနာက္ ရြာသစ္ေက်ာင္း ဆရာေတာ္ ဘဒၵႏၲမၪၨရိကအား ဖူးေျမာ္ကန္ေတာ့ကာ သကၤန္း၊ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။      

 

(Unicode Version)

 

  တောင်ငူမြို့နယ်၊ ရွာသစ်ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဖေဖော်ဝါရီ ၁ဝ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရွာသစ်ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၁၅ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ အစာအိမ်ရောဂါ၊ ကလေးရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၁၂ ဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 

ထို့နောက် ဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ အကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှု အားပေးကာ ဒေသခံပြည်သူများအား ဆေးမျက်မှန်များ တပ်ဆင်လှူဒါန်းပေး၍ သုတ၊ ရသစာစောင်များ၊ မြဝတီ သတင်းစာ များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက် ရွာသစ်ကျောင်း ဆရာတော် ဘဒ္ဒန္တမဉ္ဇရိကအား ဖူးမြော်ကန်တော့ကာ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။      

Recent News