တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) စစ္တီးဝိုင္းၿပိဳင္ပြဲ ဆက္လက္က်င္းပ 

တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) စစ္တီးဝိုင္းၿပိဳင္ပြဲ ဆက္လက္က်င္းပ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁ဝ 

 

(၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ အထိမ္းအမွတ္ (၂၆)ႀကိမ္ေျမာက္ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ)စစ္တီးဝိုင္းၿပိဳင္ပြဲ အုပ္စု(၃) ၿပိဳင္ပြဲ မ်ားကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္း စစ္ေရးျပ ကြင္း၌ က်င္းပျပဳလုပ္ရာ ေျမာက္ပိုင္းတုိင္းစစ္ ဌာနခ်ဳပ္ကိုယ္စားျပဳ အမွတ္(၂)တပ္ခဲြ စစ္တီးဝိုင္းအသင္း၊ အမွတ္(၂၂) ေျချမန္တပ္မဌာနခ်ဳပ္ ကိုယ္စားျပဳ စစ္တီးဝိုင္းအသင္း၊ အမွတ္ (၅၅)ေျချမန္တပ္မဌာနခ်ဳပ္ ကိုယ္စားျပဳ စစ္တီးဝိုင္း အသင္း၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ ကိုယ္စားျပဳ အမွတ္(၁)တပ္ခဲြ စစ္တီးဝိုင္းအသင္း၊ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳ အမွတ္(၁)တပ္ခြဲ စစ္တီးဝိုင္း အသင္းတို႔ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ေန႔လယ္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသတုိင္း စစ္ဌာနခ်ဳပ္ ကိုယ္စားျပဳ အမွတ္(၃)တပ္ခြဲ စစ္တီးဝိုင္းအသင္း၊ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္ကိုယ္စားျပဳ အမွတ္(၁) တပ္ခြဲ စစ္တီးဝိုင္းအသင္းႏွင့္ အမွတ္(၈၈) ေျချမန္တပ္မဌာနခ်ဳပ္ ကိုယ္စားျပဳ စစ္တီးဝိုင္းအသင္းတို႔ အသီးသီးယွဥ္ၿပိဳင္ ခဲ့ၾကသည္။

 

 ၿပိဳင္ပြဲတြင္ ကုိယ္စားျပဳစစ္တီးဝိုင္းအသင္း မ်ားက အျမန္ေလွ်ာက္ျခင္း၊ အေႏွးေလွ်ာက္ျခင္း၊ ခ်ီတက္သ႐ုပ္ျပသျခင္း၊ သ႐ုပ္ ေဖာ္ ပံုစံ ျပသျခင္းမ်ား၊ ဆန္းသစ္တီထြင္မႈျပကြက္မ်ား၊ လက္႐ိုုက္တူရိယာအဖြဲ႕စြမ္းရည္ျပသျခင္းမ်ား၊ စစ္တီးဝိုင္း ေခါင္းေဆာင္က က်ဳိင္းစြမ္း ရည္ျပသျခင္းမ်ား၊ အျပည္ျပည္ဆုိင္ရာ ဧည့္ခံ ေတးသီခ်င္းမ်ားႏွင့္ ျမန္မာဧည့္ခံ ေတးသီခ်င္း တီးမႈတ္ျခင္းတို႔ျဖင့္ အသီးသီးယွဥ္ၿပိဳင္ခဲ့ၾကျခင္းျဖစ္သည္။ 

 

အဆိုပါၿပိဳင္ပြဲကို (၂၆)ႀကိမ္ေျမာက္ တပ္မ ေတာ္(ၾကည္း၊ ေရ၊ ေလ) စစ္တီးဝိုင္းၿပိဳင္ပြဲ က်င္းပေရး ေကာ္မတီ ဥကၠ႒ တြဲဖက္ စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ ဇင္မင္းထက္ႏွင့္ တပ္မေတာ္အရာ ရွိႀကီးမ်ား၊ ဒိုင္အဖြဲ႕ဝင္မ်ားႏွင့္ ဖိတ္ၾကားထားေသာ ဧည့္သည္ ေတာ္မ်ား ၾကည့္႐ႈအားေပးခဲ့ ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ 

နေပြည်တော် ဖေဖော်ဝါရီ ၁ဝ 

(၇၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၆)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ အုပ်စု(၃) ပြိုင်ပွဲ များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်ကိုယ်စားပြု အမှတ်(၂)တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အမှတ် (၅၅)ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲ စစ်တီးဝိုင်း အသင်းတို့ယှဉ်ပြိုင်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၃)တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁) တပ်ခွဲ စစ်တီးဝိုင်းအသင်းနှင့် အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းတို့ အသီးသီးယှဉ်ပြိုင် ခဲ့ကြသည်။ 

ပြိုင်ပွဲတွင် ကိုယ်စားပြုစစ်တီးဝိုင်းအသင်း များက အမြန်လျှောက်ခြင်း၊ အနှေးလျှောက်ခြင်း၊ ချီတက်သရုပ်ပြသခြင်း၊ သရုပ် ဖော် ပုံစံ ပြသခြင်းများ၊ ဆန်းသစ်တီထွင်မှုပြကွက်များ၊ လက်ရိုက်တူရိယာအဖွဲ့စွမ်းရည်ပြသခြင်းများ၊ စစ်တီးဝိုင်း ခေါင်းဆောင်က ကျိုင်းစွမ်း ရည်ပြသခြင်းများ၊ အပြည်ပြည်ဆိုင်ရာ ဧည့်ခံ တေးသီချင်းများနှင့် မြန်မာဧည့်ခံ တေးသီချင်း တီးမှုတ်ခြင်းတို့ဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ 

အဆိုပါပြိုင်ပွဲကို (၂၆)ကြိမ်မြောက် တပ်မ တော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် တပ်မတော်အရာ ရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ ကြည့်ရှုအားပေးခဲ့ ကြကြောင်း သတင်းရရှိသည်။

Recent News