တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္း ေက်းရြာအုပ္စု၊ ေရပူစမ္းစံျပ ေက်းရြာရွိ ကုိယ္ထူကုိယ္ထ ေရအားလွ်ပ္စစ္ စက္႐ံုဖြင့္ပြဲႏွင့္ (၁၆)ႀကိမ္ေျမာက္ လားဟူတုိင္းရင္းသား ႐ိုးရာ စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္ျပဳလုပ္ 

တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္း ေက်းရြာအုပ္စု၊ ေရပူစမ္းစံျပ ေက်းရြာရွိ ကုိယ္ထူကုိယ္ထ ေရအားလွ်ပ္စစ္ စက္႐ံုဖြင့္ပြဲႏွင့္ (၁၆)ႀကိမ္ေျမာက္ လားဟူတုိင္းရင္းသား ႐ိုးရာ စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္ျပဳလုပ္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁ဝ 

 

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ေရပူစမ္းစံျပ ေက်းရြာရွိ ကုိယ္ထူကုိယ္ထ ေရအားလွ်ပ္စစ္ စက္႐ံုဖြင့္ပြဲကို ေဖေဖာ္ဝါရီ ၉ ရက္ နံနက္ပုိင္းတြင္ အဆုိပါေက်းရြာ၌ ျပဳလုပ္ရာ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ခင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာနဆုိင္ရာ တာဝန္ရွိသူမ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။ ဦးစြာ ကုိယ္ထူကုိယ္ထ ေရအားလွ်ပ္စစ္ စက္႐ံုေဆာင္ရြက္ခဲ့မႈမ်ားအား တာဝန္ရွိသူတစ္ဦးက ရွင္းလင္းတင္ျပခဲ့ၿပီးေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ေရအားလွ်ပ္စစ္စက္႐ံုအား ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပး၍ စက္႐ံုအတြင္း လွည့္ လည္ၾကည့္႐ႈ ခဲ့ၾကသည္။  

 

အဆုိပါ ကိုယ္ထူကုိယ္ထ ေရအားလွ်ပ္စစ္ စက္႐ံုသည္ ၂ဝ၁၈ ခုႏွစ္၊ စက္တင္ဘာမွ စတင္ေဆာက္လုပ္ခဲ့ၿပီး ၂ဝ၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီတြင္ ၿပီးစီးခဲ့ကာ ၁ဝဝ ကီလုိဝပ္ ထုတ္လႊတ္ေပးႏုိင္ေၾကာင္း သိရွိရသည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ အဆုိပါေက်းရြာတြင္ ျပဳလုပ္ေသာ (၁၆)ႀကိမ္ေျမာက္ လားဟူတုိင္းရင္းသား ႐ိုးရာစုေပါင္း ႏွစ္သစ္ကူးပြဲေတာ္သို႔ တက္ေရာက္၍ ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၿပီး တုိင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားသည္။ 

 

ယင္းေနာက္ လားဟူတုိင္းရင္းသား စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္က်င္းပေရး အတြက္ တုိင္းမွဴးက အလွဴေငြမ်ား ေပးအပ္ၿပီး တာဝန္ရွိသူတစ္ဦးက လားဟူတုိင္းရင္းသား ေရးရာဝန္ႀကီးမွ ေပးပို႔ေသာ ႏွစ္သစ္ကူး သဝဏ္လႊာအား ဖတ္ၾကား၍ လားဟူတုိင္းရင္းသားမ်ား ကိုယ္စား တာခ်ီလိတ္ခ႐ိုင္ လားဟူစာေပႏွင့္ ယဥ္ေက်းမႈ ေကာ္မတီနာယက ဦးေယရွဲက ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားသည္။ ထုိ႔ေနာက္ လားဟူတုိင္းရင္းသား ႐ိုးရာ လက္ေဆးမဂၤလာ ခံယူၾကၿပီး ႐ိုးရာအကမ်ားျဖင့္ ကျပေဖ်ာ္ေျဖခဲ့ၾကသည္။ 

 

ဆက္လက္၍ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက လားဟူစာေပႏွင့္ ႐ိုးရာယဥ္ေက်းမႈ ျပခန္းအား လွည့္လည္ၾကည့္႐ႈၾကသည္။ယင္းေနာက္ တာခ်ီလိတ္ၿမိဳ႕၊ မဟာျမတ္မုနိေက်ာင္းတုိက္ ဆရာေတာ္ ဘဒၵႏၲပညာသာမိႏွင့္ နဂါးႏွစ္ေကာင္းေက်ာင္းတုိက္ ဆရာေတာ္ ႏုိင္ငံေတာ္ ၾသဝါဒါစရိယ အဘိဓဇအဂၢမဟာ သဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ ဂုဏ္ထူးေဆာင္ ပါရဂူဘြဲ႔ရ ဘဒၵႏၲဓမၼသီရိတုိ႔အား သြားေရာက္ဖူးေျမာ္၍ ဝတၴဳေငြႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ရေပူစမ်းစံပြ ကျေးရွာရှိ ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ် စက်ရုံဖွင့်ပွဲနှင့် (၁၆)ကြိမ်မြောက် လားဟူတိုင်းရင်းသား ရိုးရာ စုပေါင်းနှစ်သစ်ကူး ပွဲတော်ပြုလုပ် 

နေပြည်တော် ဖေဖော်ဝါရီ ၁ဝ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းစံပြ ကျေးရွာရှိ ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ် စက်ရုံဖွင့်ပွဲကို ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ ဦးစွာ ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ် စက်ရုံဆောင်ရွက်ခဲ့မှုများအား တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရေအားလျှပ်စစ်စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ စက်ရုံအတွင်း လှည့် လည်ကြည့်ရှု ခဲ့ကြသည်။ 

အဆိုပါ ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ် စက်ရုံသည် ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာမှ စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီတွင် ပြီးစီးခဲ့ကာ ၁ဝဝ ကီလိုဝပ် ထုတ်လွှတ်ပေးနိုင်ကြောင်း သိရှိရသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါကျေးရွာတွင် ပြုလုပ်သော (၁၆)ကြိမ်မြောက် လားဟူတိုင်းရင်းသား ရိုးရာစုပေါင်း နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ 

ယင်းနောက် လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူး ပွဲတော်ကျင်းပရေး အတွက် တိုင်းမှူးက အလှူငွေများ ပေးအပ်ပြီး တာဝန်ရှိသူတစ်ဦးက လားဟူတိုင်းရင်းသား ရေးရာဝန်ကြီးမှ ပေးပို့သော နှစ်သစ်ကူး သဝဏ်လွှာအား ဖတ်ကြား၍ လားဟူတိုင်းရင်းသားများ ကိုယ်စား တာချီလိတ်ခရိုင် လားဟူစာပေနှင့် ယဉ်ကျေးမှု ကော်မတီနာယက ဦးယေရှဲက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် လားဟူတိုင်းရင်းသား ရိုးရာ လက်ဆေးမင်္ဂလာ ခံယူကြပြီး ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ 

ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လားဟူစာပေနှင့် ရိုးရာယဉ်ကျေးမှု ပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။ယင်းနောက် တာချီလိတ်မြို့၊ မဟာမြတ်မုနိကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသာမိနှင့် နဂါးနှစ်ကောင်းကျောင်းတိုက် ဆရာတော် နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ ဘဒ္ဒန္တဓမ္မသီရိတို့အား သွားရောက်ဖူးမြော်၍ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Recent News