မိုင္းေနာင္ ၿမိဳ႕နယ္ခြဲ၊ မုိင္းနန္း ေက်းရြာႏွင့္ အနီးပတ္ဝန္းက်င္ ေက်းရြာမ်ားမွ သံဃာေတာ္မ်ားႏွင့္ ေဒသခံ ျပည္သူ မ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

မိုင္းေနာင္ ၿမိဳ႕နယ္ခြဲ၊ မုိင္းနန္း ေက်းရြာႏွင့္ အနီးပတ္ဝန္းက်င္ ေက်းရြာမ်ားမွ သံဃာေတာ္မ်ားႏွင့္ ေဒသခံ ျပည္သူ မ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁ဝ 

 

ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ေက်းသီးၿမိဳ႕နယ္၊ မုိင္းေနာင္ၿမိဳ႕နယ္ခြဲ၊ မိုင္းနန္းေက်းရြာႏွင့္ အနီးပတ္ဝန္းက်င္ေက်းရြာမ်ားမွ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသ ေရးအဖြဲ႕က အဆိုပါေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ ေပးသည္။ 

 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က သံဃာေတာ္ ၅ဝ ပါးႏွင့္ ေဒသခံ ျပည္သူ ၁၂၄ ဦးကို အဆုတ္ ေရာဂါ၊ ေသြး အားနည္းေရာဂါ၊ အစာအိမ္ေရာဂါ၊ တုပ္ေကြး ေရာဂါ၊ အေရျပားေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အေထြေထြေရာဂါတို႔ ႏွင့္ပတ္သက္၍ လိုအပ္သည့္ေဆးဝါးကုသမႈ မ်ားေဆာင္ရြက္ေပးသည္။  

 

ယင္းသို႔ ေဆာင္ရြက္ေပးမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္ သန္းလႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး လိုအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးၿပီး ေက်ာင္းထုိင္ ဆရာေတာ္ ဘဒၵႏၲမာန္ဓရအား ဖူးေျမာ္၍ လွဴဖြယ္ ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

         

မိုင်းနောင် မြို့နယ်ခွဲ၊ မိုင်းနန်း ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဖေဖော်ဝါရီ ၁ဝ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်ခွဲ၊ မိုင်းနန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသ ရေးအဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ၅ဝ ပါးနှင့် ဒေသခံ ပြည်သူ ၁၂၄ ဦးကို အဆုတ် ရောဂါ၊ သွေး အားနည်းရောဂါ၊ အစာအိမ်ရောဂါ၊ တုပ်ကွေး ရောဂါ၊ အရေပြားရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှု များဆောင်ရွက်ပေးသည်။ 
 

ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တမာန်ဓရအား ဖူးမြော်၍ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News