
 




(Unicode Version)

တောင်ကြီးမြို့ရှိ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအားတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်(ဌာနေ)ဆက်ဆံရေးရုံး၌ တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးကအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News