က်ဳိင္းတုံၿမိဳ႕နယ္ရွိွ ဖဓာတ္စြန္ပြန္းေစတီေတာ္ႏွစ္ထပ္ဓမၼာ႐ုံသစ္ ေရစက္ခ်အလွဴေတာ္မဂၤလာျပဳလုပ္၊ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

 

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၁၁

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ က်ဳိင္းတုံၿမိဳ႕နယ္၊ မုိင္းခြန္ေက်းရြာအုပ္စုရွိ ဖဓာတ္စြန္ပြန္းေစတီေတာ္ ႏွစ္ထပ္ဓမၼာ႐ုံသစ္ ေရစက္ခ်အလွဴေတာ္မဂၤလာကုိ ယေန႔နံနက္ပုိင္းတြင္ အဆုိပါဓမၼာ႐ုံ၌ျပဳလုပ္ရာ က်ဳိင္းယင္းေက်ာင္းတုိက္ဆရာေတာ္ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲေခမာစာရ အမွဴးျပဳေသာ သံဃာေတာ္မ်ားၾကြေရာက္ေတာ္မူၾကၿပီး ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ခင္လႈိင္ႏွင့္ အဖြဲ႕၀င္မ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက က်ဳိင္းယင္းေက်ာင္းတုိက္ဆရာေတာ္ထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းကာ လွဴဒါန္းမႈအစုစုအတြက္ ေရစက္ခ်အမွ်ေပးေ၀ၾကသည္။ ထုိ႔ေနာက္ သံဃာေတာ္မ်ားအား ဆြမ္းဆန္စိမ္းႏွင့္ ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းၾကသည္။

ထုိ႔ျပင္ တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါဓမၼာ႐ုံ၌ ေဒသခံတုိင္းရင္းသား ျပည္သူ ၂၅၈ ဦးကုိ သြားႏွင့္ ခံတြင္းေရာဂါ၊ မ်က္စိေရာဂါ၊ အ႐ုိးေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ားေဆာင္ရြက္ေပးရာ တုိင္းမွဴးႏွင့္အဖြဲ႕၀င္မ်ားက လုိက္လံၾကည့္႐ႈအားေပးခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကျိုင်းတုံမြို့နယ်ရှှိ ဖဓာတ်စွန်ပွန်းစေတီတော်နှစ်ထပ်ဓမ္မာရုံသစ် ရေစက်ချအလှူတော်မင်္ဂလာပြုလုပ်၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စုရှိ ဖဓာတ်စွန်ပွန်းစေတီတော် နှစ်ထပ်ဓမ္မာရုံသစ် ရေစက်ချအလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဓမ္မာရုံ၌ပြုလုပ်ရာ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းယင်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှပေးဝေကြသည်။ ထို့နောက် သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါဓမ္မာရုံ၌ ဒေသခံတိုင်းရင်းသား ပြည်သူ ၂၅၈ ဦးကို သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အရိုးရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများဆောင်ရွက်ပေးရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News