
 




(Unicode Version)

ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ တိုင်း ခန်းမ၌တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးက တင်ပြချက်များအပေါ် လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူခဲ့ရသည့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များနှင့် ဒဏ်ရာရ ပြည်သူ့ စစ် (ဌာနေ) အဖွဲ့ ဝင်များအတွက် ဂုဏ်ပြုငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News