မစိုးရိမ္တိုက္တည္ ဆရာေတာ္ႀကီးေလးပါး အထိမ္းအမွတ္ပူေဇာ္ပြဲႏွင့္ စာေအာင္သံဃာေတာ္မ်ားအား ဂုဏ္ျပဳ ပူေဇာ္ ပြဲျပဳလုပ္

 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၁

မစိုးရိမ္တိုက္တည္ ဆရာေတာ္ႀကီးေလးပါး အထိမ္းအမွတ္ပူေဇာ္ပြဲႏွင့္ စာေအာင္သံဃာေတာ္မ်ားအား ဂုဏ္ျပဳ ပူေဇာ္ပြဲကို ယေန႔မြန္းလြဲပိုင္းတြင္ မႏၲေလးတုိင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ စိန္ပန္းရပ္ရွိ မစိုးရိမ္ တိုက္သစ္ ဓမၼဟိဒၶိ(ေလးထပ္)ေက်ာင္းေဆာင္ႀကီး၌ ျပဳလုပ္ရာ မစိုးရိမ္တိုက္သစ္ မဟာနာယက ဆရာေတာ္ ႀကီးမ်ား၊ နာယကဆရာေတာ္ႀကီးမ်ားႏွင့္ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး အလယ္ ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ေက်ာ္စြာလင္းႏွင့္ အဖြဲ႕ဝင္မ်ား၊ တိုင္းေဒသႀကီးအစိုးရ အဖြဲ႕ဝင္ဝန္ႀကီးမ်ား၊ အလွဴရွင္မ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ ဒါယကာ၊ ဒါယိကာမမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက မစိုးရိမ္တုိက္သစ္ မဟာနာယက ဆရာေတာ္ ဗဟိုသံဃာ့ ဝန္ေဆာင္ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲဝါေသဌာဘိဝံသထံမွ ငါးပါးသီလ ခံယူ ေဆာက္တည္ၾကသည္။ ထုိ႔ေနာက္ စာေအာင္သံဃာေတာ္မ်ားကို ဂုဏ္ျပဳလႊာႏွင့္ စာေအာင္ခ်ီးျမႇင့္ အလွဴေငြမ်ား ဆက္ကပ္လွဴဒါန္းသည္။

ယင္းေနာက္ တုိင္းမွဴးႏွင့္အလွဴရွင္မ်ားက စာေအာင္ဆုထာဝရ ေငြပေဒသာပင္ စိုက္ထူရန္ အလွဴေငြမ်ား ေပးအပ္ လွဴဒါန္းရာ တာဝန္ရွိသူမ်ားက လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။ ၎ေနာက္တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက မစိုးရိမ္တိုက္သစ္ မဟာနာယက ဆရာေတာ္ႏုိင္ငံေတာ္ သံဃမဟာနာယကအဖဲြ႕ဝင္ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲေကသရာ ဘိဝံသထံမွ လွဴဒါန္းမႈအစုစုအတြက္ အႏုေမာဒနာတရားနာယူကာ ေရစက္သြန္းခ် အမွ်ေပးေဝခဲ့ၾကေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

မစိုးရိမ်တိုက်တည် ဆရာတော်ကြီးလေးပါး အထိမ်းအမှတ်ပူဇော်ပွဲနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြု ပူဇော် ပွဲပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၁

မစိုးရိမ်တိုက်တည် ဆရာတော်ကြီးလေးပါး အထိမ်းအမှတ်ပူဇော်ပွဲနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြု ပူဇော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ရှိ မစိုးရိမ် တိုက်သစ် ဓမ္မဟိဒ္ဓိ(လေးထပ်)ကျောင်းဆောင်ကြီး၌ ပြုလုပ်ရာ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော် ကြီးများ၊ နာယကဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး အလယ် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော် ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဌာဘိဝံသထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။ ထို့နောက် စာအောင်သံဃာတော်များကို ဂုဏ်ပြုလွှာနှင့် စာအောင်ချီးမြှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် တိုင်းမှူးနှင့်အလှူရှင်များက စာအောင်ဆုထာဝရ ငွေပဒေသာပင် စိုက်ထူရန် အလှူငွေများ ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ၎င်းနောက်တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရာ ဘိဝံသထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်း ရရှိသည်။

Recent News