ရဲေမအေျခခံစက္ခ်ဳပ္သင္တန္းႏွင့္ ပန္းၾကယ္သီးျပဳလုပ္နည္း သင္တန္းအမွတ္စဥ္(၁/၂၀၁၉) ဖြင့္ပြဲျပဳလုပ္

 

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၁၁

အေနာက္ေတာင္တုိင္းစစ္ဌာနခ်ဳပ္၊ ပုသိမ္တပ္နယ္၏ အေျခခံစက္ခ်ဳပ္သင္တန္းႏွင့္ ပန္းၾကယ္သီး ျပဳလုပ္နည္းသင္တန္း အမွတ္စဥ္(၁/၂၀၁၉)ဖြင့္ပြဲကို ယေန႔နံနက္ပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္၊ ဧရာ၀တီခန္းမ၌ျပဳလုပ္ရာတုိင္းမွဴး ဗိုလ္မွဴးခ်ဳပ္ရဲ၀င္းဦးႏွင့္အဖြဲ႕၀င္မ်ား၊ လူမႈ၀န္ထမ္းဦးစီးဌာနမွ တာ၀န္ရွိသူမ်ားႏွင့္သင္တန္းသူရဲေမမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက သင္တန္းဖြင့္အမွာစကားေျပာၾကားသည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္အဖြဲ႕၀င္မ်ားသည္ သင္ေထာက္ကူပစၥည္းမ်ားႏွင့္ သင္ခန္းစာသင္ယူေနမႈမ်ားကို ၾကည့္႐ႈအားေပးၿပီး လုိအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ေပးသည္။

အဆုိပါသင္တန္းကို တုိင္းစစ္ဌာနခ်ဳပ္ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ သင္တန္းသူရဲေမ ၅၈ ဦး အား ပုသိမ္ၿမိဳ႕၊ လူမႈ၀န္ထမ္းဦးစီးဌာန၊ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္းမွ ဆရာမမ်ားက ေဖေဖာ္၀ါရီ ၂၂ ရက္အထိ သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရဲမေအခြေခံစက်ချုပ်သင်တန်းနှင့် ပန်းကြယ်သီးပြုလုပ်နည်း သင်တန်းအမှတ်စဉ်(၁/၂၀၁၉) ဖွင့်ပွဲပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၁

အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်၏ အခြေခံစက်ချုပ်သင်တန်းနှင့် ပန်းကြယ်သီး ပြုလုပ်နည်းသင်တန်း အမှတ်စဉ်(၁/၂၀၁၉)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ပြုလုပ်ရာတိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်သင်တန်းသူရဲမေများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် သင်ထောက်ကူပစ္စည်းများနှင့် သင်ခန်းစာသင်ယူနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါသင်တန်းကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ သင်တန်းသူရဲမေ ၅၈ ဦး အား ပုသိမ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ဆရာမများက ဖေဖော်ဝါရီ ၂၂ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News