တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) စစ္တီး၀ိုင္းၿပိဳင္ပြဲ ဆက္လက္က်င္းပ

 

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၁၁

(၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔အထိမ္းအမွတ္ (၂၆)ႀကိမ္ေျမာက္ တပ္မေတာ္(ၾကည္း၊ေရ၊ ေလ) စစ္တီး၀ိုင္းၿပိဳင္ပြဲ အုပ္စု(၃)ႏွင့္ အုပ္စု(၄)ၿပိဳင္ပြဲမ်ားကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ စစ္ေၾကာေရးႏွင့္တည္းခိုေရးစခန္းစစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ရာ အုပ္စု(၃)ၿပိဳင္ပြဲတြင္ ေျမာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ကိုယ္စားျပဳအမွတ္(၁)တပ္ခြဲစစ္တီး၀ိုင္းအသင္း၊ အမွတ္(၄၄)ေျချမန္တပ္မ ဌာနခ်ဳပ္ကိုယ္စားျပဳ စစ္တီး၀ိုင္းအသင္း၊ အုပ္စု(၄)ၿပိဳင္ပြဲတြင္ တပ္မေတာ္(ၾကည္း)၊ အမွတ္(၄) အရာခံႏွင့္ အၾကပ္ႀကီးသင္ေက်ာင္းကိုယ္စားျပဳ စစ္တီး၀ိုင္းအသင္း၊ တပ္မေတာ္နည္းပညာ တကၠသိုလ္ကိုယ္စားျပဳစစ္တီး၀ိုင္းအသင္းႏွင့္ တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း(ဗထူး) ကိုယ္စားျပဳ စစ္တီး၀ုိင္းအသင္းတုိ႔ယွဥ္ၿပိဳင္ခဲ့ၾကသည္။

မြန္းလဲြပိုင္းတြင္ အုပ္စု(၄)ၿပိဳင္ပြဲအား ဆက္လက္ျပဳလုပ္ရာ တပ္မေတာ္ေဆးတကၠသိုလ္ကုိယ္စားျပဳ စစ္တီး၀ိုင္းအသင္း၊ တပ္မေတာ္ကြန္ပ်ဴတာႏွင့္ နည္းပညာသိပၸံကိုယ္စားျပဳစစ္တီး၀ိုင္းအသင္းႏွင့္ တပ္မေတာ္(ၾကည္း)ဗုိလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)ကိုယ္စားျပဳ စစ္တီး၀ိုင္းအသင္းတုိ႔ အသီးသီး ယွဥ္ၿပိဳင္ခဲ့ၾကသည္။

ၿပိဳင္ပြဲတြင္ ကိုယ္စားျပဳစစ္တီး၀ိုင္းအသင္းမ်ားက အျမန္ေလွ်ာက္ျခင္း၊ အေႏွးေလွ်ာက္ျခင္း၊ ခ်ီတက္သ႐ုပ္ျပသျခင္း၊ သ႐ုပ္ေဖာ္ပံုစံျပသျခင္းမ်ား၊ ဆန္းသစ္တီထြင္မႈျပကြက္မ်ား၊ လက္႐ိုက္ တူရိယာအဖဲြ႕ စြမ္းရည္ျပသျခင္းမ်ား၊ စစ္တီး၀ိုင္းေခါင္းေဆာင္က က်ဳိင္းစြမ္းရည္ျပသျခင္းမ်ား၊ အျပည္ျပည္ဆုိင္ရာဧည့္ခံေတးသီခ်င္းမ်ားႏွင့္ ျမန္မာဧည့္ခံေတးသီခ်င္းတီးမႈတ္ျခင္းတုိ႔ျဖင့္ အသီးသီးယွဥ္ၿပိဳင္ခဲ့ၾကျခင္းျဖစ္သည္။

အဆုိပါၿပိဳင္ပြဲကို (၂၆)ႀကိမ္ေျမာက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) စစ္တီး၀ိုင္းၿပိဳင္ပြဲ က်င္းပေရးေကာ္မတီဥကၠ႒ တဲြဖက္စစ္ေရးခ်ဳပ္ ဗုိလ္ခ်ဳပ္ဇင္မင္းထက္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ဒုိင္အဖဲြ႕၀င္မ်ားႏွင့္ ဖိတ္ၾကားထားေသာဧည့္သည္ေတာ္မ်ား ၾကည့္႐ႈအားေပးခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

(၇၄)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ အုပ်စု(၃)နှင့် အုပ်စု(၄)ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းစစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ အုပ်စု(၃)ပြိုင်ပွဲတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအမှတ်(၁)တပ်ခွဲစစ်တီးဝိုင်းအသင်း၊ အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အုပ်စု(၄)ပြိုင်ပွဲတွင် တပ်မတော်(ကြည်း)၊ အမှတ်(၄) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ တပ်မတော်နည်းပညာ တက္ကသိုလ်ကိုယ်စားပြုစစ်တီးဝိုင်းအသင်းနှင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ကိုယ်စားပြု စစ်တီးဝိုင်းအသင်းတို့ယှဉ်ပြိုင်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် အုပ်စု(၄)ပြိုင်ပွဲအား ဆက်လက်ပြုလုပ်ရာ တပ်မတော်ဆေးတက္ကသိုလ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကိုယ်စားပြုစစ်တီးဝိုင်းအသင်းနှင့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကိုယ်စားပြု စစ်တီးဝိုင်းအသင်းတို့ အသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင် ကိုယ်စားပြုစစ်တီးဝိုင်းအသင်းများက အမြန်လျှောက်ခြင်း၊ အနှေးလျှောက်ခြင်း၊ ချီတက်သရုပ်ပြသခြင်း၊ သရုပ်ဖော်ပုံစံပြသခြင်းများ၊ ဆန်းသစ်တီထွင်မှုပြကွက်များ၊ လက်ရိုက် တူရိယာအဖွဲ့ စွမ်းရည်ပြသခြင်းများ၊ စစ်တီးဝိုင်းခေါင်းဆောင်က ကျိုင်းစွမ်းရည်ပြသခြင်းများ၊ အပြည်ပြည်ဆိုင်ရာဧည့်ခံတေးသီချင်းများနှင့် မြန်မာဧည့်ခံတေးသီချင်းတီးမှုတ်ခြင်းတို့ဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲကို (၂၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်နှင့် တပ်မတော်အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News