ေနာင္ခ်ဳိၿမိဳ႕နယ္အတြင္း ခဲယမ္းမ်ားသယ္ေဆာင္လာသူအား ဖမ္းဆီးရမိ

 

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၁၁

ရွမ္းျပည္နယ္(ေျမာက္ပုိင္း)၊ ေနာင္ခ်ဳိၿမိဳ႕နယ္၊ ေနာင္ခ်ဳိအုိရီယမ္တယ္တုိးဂိတ္၌ လုံၿခံဳေရးေဆာင္ရြက္ လ်က္ရွိေသာ ပူးေပါင္းအဖြဲ႕က ေမာ္ေတာ္ယာဥ္၀င္/ထြက္မႈမ်ားအား စစ္ေဆးေဆာင္ရြက္စဥ္ ေဖေဖာ္၀ါရီ ၁၁ ရက္ နံနက္ ၉ နာရီခန္႔တြင္ ျပင္ဦးလြင္ၿမိဳ႕မွ ေနာင္ခ်ဳိၿမိဳ႕ဘက္သုိ႔ ေဇယ်ာမင္း(ဘ) ဦးအုန္းခင္ ေမာင္းႏွင္လာသည့္ Mark-II အမ်ဳိးအစား အျဖဴေရာင္ေမာ္ေတာ္ယာဥ္အမွတ္၊ MDY/ 5P ---- အား ရပ္တန္႔စစ္ေဆးရာ ေဇယ်ာမင္းအား ၉ မမ က်ည္ ၅၀၀ ေတာင့္၊ ပြိဳင့္ -၂၂ က်ည္ ၁၄၅၀ ေတာင့္ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

အဆုိပါခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိသူအား တရားဥပေဒအရ အေရးယူႏိုင္ေရး ေနာင္ခ်ဳိၿမိဳ႕မ ရဲစခန္းသုိ႔ စနစ္တက်လႊဲေျပာင္းအပ္ႏွံသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

နောင်ချိုမြို့နယ်အတွင်း ခဲယမ်းများသယ်ဆောင်လာသူအား ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုအိုရီယမ်တယ်တိုးဂိတ်၌ လုံခြုံရေးဆောင်ရွက် လျက်ရှိသော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် ပြင်ဦးလွင်မြို့မှ နောင်ချိုမြို့ဘက်သို့ ဇေယျာမင်း(ဘ) ဦးအုန်းခင် မောင်းနှင်လာသည့် Mark-II အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အမှတ်၊ MDY/ 5P ---- အား ရပ်တန့်စစ်ဆေးရာ ဇေယျာမင်းအား ၉ မမ ကျည် ၅၀၀ တောင့်၊ ပွိုင့် -၂၂ ကျည် ၁၄၅၀ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူနိုင်ရေး နောင်ချိုမြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News