၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အတြက္ တကၠသုိလ္ေလ့က်င့္ေရး ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား တကၠသုိလ္မ်ားအလုိက္ ေလ့က်င့္ေရးသင္တန္းမ်ားဖြင့္လွစ္သင္ၾကား

 

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၁၁

တကၠသုိလ္မ်ားတြင္ ပညာသင္ၾကားလ်က္ရွိေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အေျခခံ စစ္ပညာမ်ား သင္ၾကားေလ့က်င့္ေပးျခင္းျဖင့္ ႏုိင္ငံေတာ္ကာကြယ္ေရးဆုိင္ရာ အသိအျမင္မ်ားရရွိ၍ အနာဂတ္ႏုိင္ငံေတာ္၏တာ၀န္မ်ားထမ္းေဆာင္သည့္အခါတြင္ အေထာက္အကူရရွိကာ ႏုိင္ငံခ်စ္စိတ္၊ မ်ဳိးခ်စ္စိတ္မ်ား ပုိမိုရင့္သန္လာေစရန္ရည္ရြယ္ခ်က္ျဖင့္ ကုိယ္တုိင္ဆႏၵျပဳသည့္ တကၠသုိလ္ဆရာ၊ ဆရာမ၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားျဖင့္ဖြင့္လွစ္သည့္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အတြက္ ေလ့က်င့္ေရးသင္တန္းဖြင့္ပြဲမ်ားကုိ ယေန႔နံနက္ပုိင္းတြင္ ေရဆင္းစုိက္ပ်ဳိးေရးတကၠသုိလ္၊ ေတာင္ႀကီး တကၠသိုလ္၊ ရန္ကုန္တကၠသုိလ္၊ မႏၲေလးတကၠသုိလ္ႏွင့္ ေမာ္လၿမိဳင္တကၠသုိလ္တုိ႔၌ အသီးသီး က်င္းပျပဳလုပ္သည္။

အဆုိပါတကၠသုိလ္ေလ့က်င့္ေရးသင္တန္းမ်ားကို သက္ဆုိင္ရာတုိင္းစစ္ဌာနခ်ဳပ္မ်ားမွ တုိင္းမွဴးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)ျပည္သူ႔စစ္ႏွင့္နယ္ျခားတပ္မ်ားၫႊန္ၾကားေရးမွဴး႐ံုး ၫႊန္ၾကားေရးမွဴး၊ ပညာေရး၀န္ႀကီးဌာနမွတာ၀န္ရွိသူမ်ား၊ တကၠသုိလ္အသီးသီးမွ ပါေမာကၡခ်ဳပ္မ်ား၊ တကၠသုိလ္ ေလ့က်င့္ေရးတပ္ဖြဲ႕၀င္ ဆရာ၊ ဆရာမမ်ား၊ သင္တန္းတာ၀န္ခံအရာရွိမ်ား၊ သင္တန္းသားဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တက္ေရာက္ၾကသည္။

အဆုိပါသင္တန္းမ်ားတြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ တကၠသိုလ္သံုးခုမွ သင္တန္းသား ၄၁၈ ဦး၊ ရန္ကုန္တုိင္းေဒသႀကီးအတြင္းရွိ တကၠသုိလ္ ၁၀ ခုမွ သင္တန္းသား ၁၉၅၄ ဦး၊ မႏၲေလးတုိင္းေဒသႀကီးအတြင္းရွိ တကၠသိုလ္၊ ေကာလိပ္ခုနစ္ခုမွ သင္တန္းသား ၉၀၁ ဦး၊ ေမာ္လၿမိဳင္တကၠသုိလ္မွ သင္တန္းသား ၄၇၉ ဦး၊ ေတာင္ႀကီးၿမိဳ႕ရွိ တကၠသုိလ္သံုးခုမွ သင္တန္းသား ၆၂၇ ဦး စုစုေပါင္းတကၠသုိလ္/ေကာလိပ္ ၂၄ ခုမွ သင္တန္းသား ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စုစုေပါင္း ၄၃၇၉ ဦးကို ေလ့က်င့္ေရးတပ္မွနည္းျပအရာရွိ၊ စစ္သည္မ်ားက ေလ့က်င့္သင္ၾကားေပးမည္ျဖစ္သည္။

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အတြက္တကၠသုိလ္ေလ့က်င့္ေရးသင္တန္းတြင္ ပထမႏွစ္အေျခခံ စစ္ပညာသင္တန္းကို ရက္သတၱပတ္ ၁၄ ပတ္၊ ဒုတိယႏွစ္အေျခခံစစ္ပညာသင္တန္းကုိ ရက္သတၱပတ္ ၁၅ ပတ္ႏွင့္ ပထမႏွစ္တန္းျမင့္ စစ္ပညာသင္တန္းကို ရက္သတၱပတ္ ၁၀ ပတ္၊ ဒုတိယႏွစ္တန္းျမင့္စစ္ပညာသင္တန္းကို ရက္သတၱပတ္ ခုနစ္ပတ္ျဖင့္ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး စစ္ေရးျပ၊ လက္နက္ငယ္၊ ကုိယ္စီစစ္ေျမျပင္ကြၽမ္းက်င္မႈ၊ စစ္နည္းဗ်ဴဟာ၊ အုပ္ခ်ဳပ္မႈဘာသာရပ္၊ စက္ပစ္ကြင္းပစ္ခတ္စဥ္၊ ေျမပံုဖတ္နည္း၊ စစ္ေျမျပင္အင္ဂ်င္နီယာ၊ က်န္းမာေရး၊ ေရွးဦးသူနာျပဳႏွင့္ စုေပါင္းေလ့က်င့္ခန္းစသည့္ဘာသာရပ္မ်ားကို ေလ့က်င့္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်များအလိုက် လေ့ကျင့်ရေးသင်တန်းများဖွင့်လှစ်သင်ကြား

နေပြည်တော် ဖေဖော်ဝါရီ ၁၁

တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံ စစ်ပညာများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏တာဝန်များထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများဖြင့်ဖွင့်လှစ်သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ တောင်ကြီး တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်တို့၌ အသီးသီး ကျင်းပပြုလုပ်သည်။

အဆိုပါတက္ကသိုလ်လေ့ကျင့်ရေးသင်တန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ သင်တန်းတာဝန်ခံအရာရှိများ၊ သင်တန်းသားဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အဆိုပါသင်တန်းများတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တက္ကသိုလ်သုံးခုမှ သင်တန်းသား ၄၁၈ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ် ၁၀ ခုမှ သင်တန်းသား ၁၉၅၄ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်ခုနစ်ခုမှ သင်တန်းသား ၉၀၁ ဦး၊ မော်လမြိုင်တက္ကသိုလ်မှ သင်တန်းသား ၄၇၉ ဦး၊ တောင်ကြီးမြို့ရှိ တက္ကသိုလ်သုံးခုမှ သင်တန်းသား ၆၂၇ ဦး စုစုပေါင်းတက္ကသိုလ်/ကောလိပ် ၂၄ ခုမှ သင်တန်းသား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၃၇၉ ဦးကို လေ့ကျင့်ရေးတပ်မှနည်းပြအရာရှိ၊ စစ်သည်များက လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက်တက္ကသိုလ်လေ့ကျင့်ရေးသင်တန်းတွင် ပထမနှစ်အခြေခံ စစ်ပညာသင်တန်းကို ရက်သတ္တပတ် ၁၄ ပတ်၊ ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်းကို ရက်သတ္တပတ် ၁၅ ပတ်နှင့် ပထမနှစ်တန်းမြင့် စစ်ပညာသင်တန်းကို ရက်သတ္တပတ် ၁၀ ပတ်၊ ဒုတိယနှစ်တန်းမြင့်စစ်ပညာသင်တန်းကို ရက်သတ္တပတ် ခုနစ်ပတ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး စစ်ရေးပြ၊ လက်နက်ငယ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ စစ်နည်းဗျူဟာ၊ အုပ်ချုပ်မှုဘာသာရပ်၊ စက်ပစ်ကွင်းပစ်ခတ်စဉ်၊ မြေပုံဖတ်နည်း၊ စစ်မြေပြင်အင်ဂျင်နီယာ၊ ကျန်းမာရေး၊ ရှေးဦးသူနာပြုနှင့် စုပေါင်းလေ့ကျင့်ခန်းစသည့်ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News