RCSS/SSA အဖြဲ႕မွယူေဆာင္သြားေသာပစၥည္းမ်ား သတ္မွတ္ခ်ိန္အတြင္း ျပန္လည္ေပးအပ္ျခင္း မရွိပါက ျပင္းထန္စြာအေရးယူေဆာင္ရြက္မည္

RCSS/SSA အဖြဲ႕မွယူေဆာင္သြားေသာပစၥည္းမ်ား သတ္မွတ္ခ်ိန္အတြင္း ျပန္လည္ေပးအပ္ျခင္း မရွိပါက ျပင္းထန္စြာအေရးယူေဆာင္ရြက္မည္ 

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ - ၁၃ 

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းပ်ဥ္းႏွင့္က်ိဳင္းတံု အၾကား ျပည္ေထာင္စုကားလမ္းမႀကီး ေပၚ၌ RCSS/SSA အဖြဲ႔မွ အင္အား ၅၀ ဦးခန္႔သည္ ဆက္ေၾကးေကာက္ခံေနလ်က္ရွိစဥ္ ေဖေဖာ္၀ါရီလ ၁၂ ရက္ညေနပိုင္းတြင္တပ္ရင္း ၂ ရင္းမွ ယာယီတာ၀န္အၿပီး ေတာင္ႀကီးမွ က်ိဳင္းတံု သုိ႔ျပန္လာသည့္ တပ္ရင္းမွဴး ၂ ဦး စီးနင္းလာေသာ ၁/၄ တန္ စစ္ယာဥ္ ၁ စီး အား ခန္႔မွန္းေျမပံုၫႊန္း (အင္န္ဒီ-၂၁၈၆၂၃) ေနရာတြင္ တားဆီး၍ ယာဥ္ေပၚပါရွိသည့္ အသံုးအေဆာင္္ပစၥည္းမ်ားကို သိမ္းဆည္းသြားသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။ 

RCSS/SSA အဖြဲ႕အေနျဖင့္ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူ စာခ်ဳပ္(NCA)အား ၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္တြင္ သေဘာတူ လက္မွတ္ေရးထိုးထားၿပီးေသာအဖြဲ႔အစည္းျဖစ္ၿပီး NCA လက္မွတ္ေရးထိုး ၿပီးေနာက္ပိုင္းတြင္လည္း စာခ်ဳပ္ပါအခ်က္အလက္မ်ားအား ေဖာက္ဖ်က္က်ဴးလြန္ ခဲ့သျဖင့္အႀကိမ္ႀကိမ္သတိေပးေနရသည့္ အဖြဲ႕အစည္းျဖစ္သည္။ 

တပ္မေတာ္အေနျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေစရန္ ရည္ရြယ္လ်က္ “ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ထာ၀ရ ၿငိမ္းခ်မ္းေရးအတြက္ထုတ္ျပန္ခ်က္” အား ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္တြင္ ထုတ္ျပန္၍ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအပါအ၀င္ တိုင္းစစ္ဌာနခ်ဳပ္ ၅ ခု၌ တစ္ဖက္သတ္ အပစ္အခတ္ရပ္စဲခဲ့ၿပီးျဖစ္သည္။ ထုိ႔ျပင္၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ ၂၆ ရက္တြင္လည္း ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္အေပၚလိုက္နာရန္ သတိေပးသတင္းထုတ္ျပန္ျခင္းအား ျပဳလုပ္ခဲ့ၿပီး ျဖစ္သည္။ 

ယခုျဖစ္စဥ္မွာ တပ္မေတာ္သားမ်ားႏွင့္စစ္အသံုးအေဆာင္ပစၥည္းမ်ား ျဖစ္သည္ကုိ သိလ်က္ႏွင့္ေဆာင္ရြက္မႈသည္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ႀကီးမားသည့္ ဆန္႔က်င္ဘက္ စိန္ေခၚမႈတစ္ခုျဖစ္သည္။ သို႔ျဖစ္၍ သေဘာတူစာခ်ဳပ္မ်ားႏွင့္ ထုတ္ျပန္ခ်က္မ်ားအား ခ်ိဳးေဖာက္၍ တပ္မေတာ္အရာရွိမ်ားထံမွ ယူေဆာင္သြားေသာ အသံုးအေဆာင္ပစၥည္းမ်ားအားလံုးကို RCSS/SSA  အဖြဲ႕အေနျဖင့္ တပ္မေတာ္သုိ႔ အျမန္ဆံုးျပန္လည္ေပးအပ္ရန္ အေၾကာင္းၾကား ထားၿပီးျဖစ္ေၾကာင္း သိရွိရၿပီး ျပန္လည္ေပးအပ္ျခင္းမရွိပါက လိုအပ္သလိုအေရးယူမႈ ျပဳလုပ္ သြားမည္ျဖစ္ေၾကာင္းႏွင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္အပါအ၀င္ တစ္ဖက္သတ္ အပစ္အခတ္ရပ္စဲ ထားသည့္ ကာလအတြင္း လံုၿခံဳေရးသတိကင္းမဲ့စြာေဆာင္ရြက္ခဲ့ၾကေသာ အရာရွိမ်ားကုိလည္း စစ္စည္းကမ္းႏွင့္အညီအေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။ 

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ 

(Unicode Version) 

RCSS/SSA အဖွဲ့မှယူဆောင်သွားသောပစ္စည်းများ သတ်မှတ်ချိန်အတွင်း ပြန်လည်ပေးအပ်ခြင်း မရှိပါက ပြင်းထန်စွာအရေးယူဆောင်ရွက်မည် 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃ 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းနှင့်ကျိုင်းတုံ အကြား ပြည်ထောင်စုကားလမ်းမကြီး ပေါ်၌ RCSS/SSA အဖွဲ့မှ အင်အား ၅၀ ဦးခန့်သည် ဆက်ကြေးကောက်ခံနေလျက်ရှိစဉ် ဖေဖော်ဝါရီလ ၁၂ ရက်ညနေပိုင်းတွင်တပ်ရင်း ၂ ရင်းမှ ယာယီတာဝန်အပြီး တောင်ကြီးမှ ကျိုင်းတုံ သို့ပြန်လာသည့် တပ်ရင်းမှူး ၂ ဦး စီးနင်းလာသော ၁/၄ တန် စစ်ယာဉ် ၁ စီး အား ခန့်မှန်းမြေပုံညွှန်း (အင်န်ဒီ-၂၁၈၆၂၃) နေရာတွင် တားဆီး၍ ယာဉ်ပေါ်ပါရှိသည့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ 

RCSS/SSA အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးထားပြီးသောအဖွဲ့အစည်းဖြစ်ပြီး NCA လက်မှတ်ရေးထိုး ပြီးနောက်ပိုင်းတွင်လည်း စာချုပ်ပါအချက်အလက်များအား ဖောက်ဖျက်ကျူးလွန် ခဲ့သဖြင့်အကြိမ်ကြိမ်သတိပေးနေရသည့် အဖွဲ့အစည်းဖြစ်သည်။ 

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်လျက် “ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရ ငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်” အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအပါအဝင် တိုင်းစစ်ဌာနချုပ် ၅ ခု၌ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခဲ့ပြီးဖြစ်သည်။ ထို့ပြင်၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပေါ်လိုက်နာရန် သတိပေးသတင်းထုတ်ပြန်ခြင်းအား ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ 

ယခုဖြစ်စဉ်မှာ တပ်မတော်သားများနှင့်စစ်အသုံးအဆောင်ပစ္စည်းများ ဖြစ်သည်ကို သိလျက်နှင့်ဆောင်ရွက်မှုသည် ထာဝရငြိမ်းချမ်းရေးအတွက် ကြီးမားသည့် ဆန့်ကျင်ဘက် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ သို့ဖြစ်၍ သဘောတူစာချုပ်များနှင့် ထုတ်ပြန်ချက်များအား ချိုးဖောက်၍ တပ်မတော်အရာရှိများထံမှ ယူဆောင်သွားသော အသုံးအဆောင်ပစ္စည်းများအားလုံးကို RCSS/SSA အဖွဲ့အနေဖြင့် တပ်မတော်သို့ အမြန်ဆုံးပြန်လည်ပေးအပ်ရန် အကြောင်းကြား ထားပြီးဖြစ်ကြောင်း သိရှိရပြီး ပြန်လည်ပေးအပ်ခြင်းမရှိပါက လိုအပ်သလိုအရေးယူမှု ပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲ ထားသည့် ကာလအတွင်း လုံခြုံရေးသတိကင်းမဲ့စွာဆောင်ရွက်ခဲ့ကြသော အရာရှိများကိုလည်း စစ်စည်းကမ်းနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ 

Recent News