RCSS/SSA အဖြဲ႕က ယူေဆာင္သြားေသာ အသံုးေဆာင္ပစၥည္းမ်ား စံုလင္စြာ ျပန္လည္ရရွိ

 

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ - ၁၄

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းပ်ဥ္းၿမိဳ႕ႏွင့္က်ိဳင္းတံုၿမိဳ႕အၾကား ျပည္ေထာင္စုကားလမ္းမႀကီးေပၚတြင္ ယာယီတာ၀န္အၿပီး ေတာင္ႀကီးမွ က်ိဳင္းတံုသုိ႔ျပန္လာသည့္ တပ္ရင္းမွဴး ၂ ဦးထံမွ အသုံးေဆာင္ ပစၥည္းမ်ားကုိ RCSS/SSA  အဖြဲ႔ အင္အား ၅၀ ဦး ခန္႔က ေဖေဖာ္၀ါရီလ ၁၂ ရက္ ညေနပိုင္းတြင္ ယူေဆာင္သြားခဲ့သျဖင့္ တပ္မေတာ္သုိ႔ အျမန္ဆုံးျပန္လည္ေပးအပ္ရန္ အေၾကာင္းၾကားခဲ့ၿပီး အဆုိပါ သတင္းကုိလည္း ေဖေဖာ္၀ါရီလ ၁၃ ရက္တြင္ ထုတ္ျပန္ခဲ့ပါသည္။

ထုိသုိ႔ အသုံးေဆာင္ပစၥည္းမ်ား အျမန္ဆုံးျပန္လည္ေပးအပ္ရန္ အေၾကာင္းၾကားခဲ့ျခင္းေၾကာင့္ RCSS/SSA  အဖြဲ႔ တာခ်ီလိတ္ၿမိဳ႕ ဆက္ဆံေရး႐ုံးတာ၀န္ခံႏွင့္ အဖြဲ႕၀င္မ်ားက ေဖေဖာ္၀ါရီလ ၁၃ ရက္ ည ၇ နာရီ ၄၅ မိနစ္တြင္ မုိင္းပ်ဥ္းၿမိဳ႕ရွိ နယ္ေျမခံတပ္သုိ႔ လာေရာက္၍ ၎တုိ႔ ယူေဆာင္သြားေသာ အသုံးေဆာင္ပစၥည္းမ်ားအားလုံးကုိ ျပန္လည္အပ္ႏွံခဲ့ေၾကာင္း သတင္းရရွိသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

RCSS/SSA  အဖွဲ့က ယူဆောင်သွားသော အသုံးဆောင်ပစ္စည်းများ စုံလင်စွာ ပြန်လည်ရရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နှင့်ကျိုင်းတုံမြို့အကြား ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ယာယီတာဝန်အပြီး တောင်ကြီးမှ ကျိုင်းတုံသို့ပြန်လာသည့် တပ်ရင်းမှူး ၂ ဦးထံမှ အသုံးဆောင် ပစ္စည်းများကို RCSS/SSA  အဖွဲ့ အင်အား ၅၀ ဦး ခန့်က ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းတွင် ယူဆောင်သွားခဲ့သဖြင့် တပ်မတော်သို့ အမြန်ဆုံးပြန်လည်ပေးအပ်ရန် အကြောင်းကြားခဲ့ပြီး အဆိုပါ သတင်းကိုလည်း ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

ထိုသို့ အသုံးဆောင်ပစ္စည်းများ အမြန်ဆုံးပြန်လည်ပေးအပ်ရန် အကြောင်းကြားခဲ့ခြင်းကြောင့် RCSS/SSA  အဖွဲ့ တာချီလိတ်မြို့ ဆက်ဆံရေးရုံးတာဝန်ခံနှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁၃ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် မိုင်းပျဉ်းမြို့ရှိ နယ်မြေခံတပ်သို့ လာရောက်၍ ၎င်းတို့ ယူဆောင်သွားသော အသုံးဆောင်ပစ္စည်းများအားလုံးကို ပြန်လည်အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Recent News