ေရျဖဴၿမိဳ႕နယ္၊ ကလိန္ေအာင္ၿမိဳ႕ရွိ ရွင္ကိုးရွင္ သမိုင္းဝင္ဆုေတာင္းျပည့္ ဆံေတာ္ရွင္ ေစတီေတာ္ျမတ္ႀကီး ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ တင္လွဴျခင္းႏွင့္ လံုးေတာ္ျပည့္ ေရႊသကၤန္း ကပ္လွဴပူေဇာ္ပြဲျပဳလုပ္ 

ေရျဖဴၿမိဳ႕နယ္၊ ကလိန္ေအာင္ၿမိဳ႕ရွိ ရွင္ကိုးရွင္ သမိုင္းဝင္ဆုေတာင္းျပည့္ ဆံေတာ္ရွင္ ေစတီေတာ္ျမတ္ႀကီး ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ တင္လွဴျခင္းႏွင့္ လံုးေတာ္ျပည့္ ေရႊသကၤန္း ကပ္လွဴပူေဇာ္ပြဲျပဳလုပ္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၉ 

 

တနသၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္၊ ကလိန္ေအာင္ၿမိဳ႕ရွိ ရွင္ကိုးရွင္သမိုင္းဝင္ ဆုေတာင္းျပည့္ဆံေတာ္ရွင္ ေစတီေတာ္ျမတ္ႀကီး၏ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ တင္လွဴျခင္းႏွင့္ လံုးေတာ္ျပည့္ေရႊသကၤန္း ကပ္လွဴပူေဇာ္ျခင္းကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါေစတီေတာ္၌ ျပဳလုပ္ရာ ေရျဖဴၿမိဳ႕နယ္ သံဃနာယကဥကၠ႒ သာသနႏုဂၢဟဓမၼာစရိယ သာသနဟိတကာရီ ဓမၼာစရိယမြန္ေက်ာင္း ဆရာေတာ္ ေဒါက္တာအရွင္ပညာသီရိ အမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္ေသာင္းထုိက္ေရႊႏွင့္ အဖဲြ႕ဝင္မ်ား၊ အလွဴရွင္္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက မြန္ေက်ာင္းဆရာေတာ္ထံမွ ကိုးပါးသီလ ခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ား ရြတ္ပြားခ်ီးျမႇင့္ေတာ္္မူသည့္ ပရိတ္တရားေတာ္မ်ား နာယူၾကသည္။ ထို႔ေနာက္ တိုင္းမွဴးႏွင့္ အလွဴရွင္မ်ားက သံဃာေတာ္မ်ားထံ ရတနာ စိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္၊ ဌာပနာေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းၾကသည္။

 

ဆက္လက္၍ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ရတနာစိန္ဖူးေတာ္ႏွင့္ ဌာပနာေတာ္မ်ားကို ေစတီေတာ္ျမတ္ႀကီးအား လက္ယာရစ္လွည့္လည္ ပူေဇာ္ၾကၿပီး မဂၤလာရထားပ်ံျဖင့္ ေစတီေတာ္ အထြတ္သို႔ ပင့္ေဆာင္တင္လွဴေတာ္မူၾကၿပီး သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ ရှင်ကိုးရှင် သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင် စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်းနှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲပြုလုပ် 

နေပြည်တော် ဖေဖော်ဝါရီ ၁၉ 

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ ရှင်ကိုးရှင်သမိုင်းဝင် ဆုတောင်းပြည့်ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်းနှင့် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ပြုလုပ်ရာ ရေဖြူမြို့နယ် သံဃနာယကဥက္ကဋ္ဌ သာသနနုဂ္ဂဟဓမ္မာစရိယ သာသနဟိတကာရီ ဓမ္မာစရိယမွန်ကျောင်း ဆရာတော် ဒေါက်တာအရှင်ပညာသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မွန်ကျောင်းဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များထံ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဌာပနာတော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ 

ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်နှင့် ဌာပနာတော်များကို စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြပြီး မင်္ဂလာရထားပျံဖြင့် စေတီတော် အထွတ်သို့ ပင့်ဆောင်တင်လှူတော်မူကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Recent News