ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီးစုိး၀င္း ျမန္မာ ႏိုင္ငံဆုိင္ရာ အေမရိကန္ႏိုင္ငံသံအမတ္ႀကီးအား လက္ခံေတြ႕ဆံု 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီးစုိး၀င္း ျမန္မာ ႏိုင္ငံဆုိင္ရာ အေမရိကန္ႏိုင္ငံသံအမတ္ႀကီးအား လက္ခံေတြ႕ဆံု 
 

 

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ - ၂၀ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းသည္ ျမန္မာႏိုင္ငံဆုိင္ရာ အေမရိကန္ႏိုင္ငံသံအမတ္ႀကီး H.E.Mr. Scot Marciel အား ယေန႕နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။ 

ထုိသို႔ေတြ႕ဆံုစဥ္ ျမန္မာ-အေမရိကန္ ႏွစ္ႏိုင္ငံအရပ္ဖက္/စစ္ဖက္ႏွင့္ ပူးေပါင္းေဆာင္ရြက္မႈ ဆက္ဆံေရး အေျခအေနမ်ား၊ အေမရိကန္ျပည္ေထာင္စု၏ အင္ဒို-ပစိဖိတ္ ဆုိင္ရာရည္ရြယ္ခ်က္ႏွင့္ ရပ္တည္ခ်က္ဆုိင္ရာ ကိစၥရပ္မ်ား၊ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ ၂၁ ရက္ေန႔ တပ္မေတာ္က ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ ထာ၀ရ ၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္အေပၚ အေမရိကန္က ႀကိဳဆုိေထာက္ခံမႈႏွင့္ ထုတ္ျပန္ခ်က္ေၾကညာၿပီး ေနာက္ပိုင္း တုိင္ရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးေဆာင္ရြက္မႈႏွင့္ တုိးတက္ မႈအေျခအေနမ်ား၊ ကခ်င္ျပည္နယ္တြင္ IDP Campမ်ားမွ ေနရပ္စြန္႔ခြာျပည္သူမ်ားအား မူလေနရာသို႔ ျပန္လည္ ေနထုိင္ႏိုင္ေရး အစိုးရႏွင့္ တပ္မေတာ္မွ ကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ရခိုင္ေဒသျဖစ္စဥ္ မ်ားႏွင့္ ပတ္သက္၍ လြတ္လပ္ေသာစံုစမ္းစစ္ေဆးေရးေကာ္မရွင္၏ ေဆာင္ရြက္ခ်က္မ်ား အေပၚ တပ္မေတာ္မွ အျပည့္အ၀ပူးေပါင္းကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ရခိုင္ေဒသတြင္ ARSA ႏွင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ျပည္နယ္အတြင္း ဖ်က္ဆီး၊ ေႏွာင့္ယွက္မႈအေပၚ ျပည္သူ လူထု၏ အသက္အုိးအိမ္စည္းစိမ္မ်ားအား တပ္မေတာ္မွေစာင့္ေရွာက္ေနမႈ အေျခအေနမ်ား၊ ရခုိင္ျပည္နယ္ အတြင္း မူးယစ္ေဆး၀ါး ဖမ္းဆီးရရွိမႈ အေျခအေနမ်ား၊ ဓာတုလက္နက္ တားဆီးပိတ္ပင္ေရး စာခ်ဳပ္(CWC)အား ျမန္မာႏိုင္ငံက ၂၀၁၅ ခုႏွစ္တြင္ ပါ၀င္လက္မွတ္ေရးထိုးခဲ့ၿပီး သေဘာတူညီခ်က္မ်ား အတုိင္း လိုက္နာ ေဆာင္ရြက္ ေနမႈအေျခအေနမ်ားကို အျပန္အလွန္ေဆြးေႏြးၾကသည္။ 

အဆိုပါေတြ႕ဆုံပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီး ခ်ဳပ္(ၾကည္း)ႏွင့္အတူ စစ္ဥပေဒခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆုိင္ရာ အေမရိကန္ႏိုင္ငံသံအမတ္ႀကီးႏွင့္အတူ စစ္သံမွဴး Col. Craig Tippins ႏွင့္ တာ၀န္ရွိသူတုိ႕ တက္ေရာက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၀ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E.Mr. Scot Marciel အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 

ထိုသို့တွေ့ဆုံစဉ် မြန်မာ-အမေရိကန် နှစ်နိုင်ငံအရပ်ဖက်/စစ်ဖက်နှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အခြေအနေများ၊ အမေရိကန်ပြည်ထောင်စု၏ အင်ဒို-ပစိဖိတ် ဆိုင်ရာရည်ရွယ်ချက်နှင့် ရပ်တည်ချက်ဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့ တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပေါ် အမေရိကန်က ကြိုဆိုထောက်ခံမှုနှင့် ထုတ်ပြန်ချက်ကြေညာပြီး နောက်ပိုင်း တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးဆောင်ရွက်မှုနှင့် တိုးတက် မှုအခြေအနေများ၊ ကချင်ပြည်နယ်တွင် IDP Campများမှ နေရပ်စွန့်ခွာပြည်သူများအား မူလနေရာသို့ ပြန်လည် နေထိုင်နိုင်ရေး အစိုးရနှင့် တပ်မတော်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ရခိုင်ဒေသဖြစ်စဉ် များနှင့် ပတ်သက်၍ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆောင်ရွက်ချက်များ အပေါ် တပ်မတော်မှ အပြည့်အဝပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ရခိုင်ဒေသတွင် ARSA နှင့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပြည်နယ်အတွင်း ဖျက်ဆီး၊ နှောင့်ယှက်မှုအပေါ် ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်များအား တပ်မတော်မှစောင့်ရှောက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု အခြေအနေများ၊ ဓာတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်(CWC)အား မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီချက်များ အတိုင်း လိုက်နာ ဆောင်ရွက် နေမှုအခြေအနေများကို အပြန်အလှန်ဆွေးနွေးကြသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့်အတူ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးနှင့်အတူ စစ်သံမှူး Col. Craig Tippins နှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News