(၇၁)ႏွစ္ေျမာက္ ခ်င္းအမ်ဳိးသားေန႔ ျပဳလုပ္ 

(၇၁)ႏွစ္ေျမာက္ ခ်င္းအမ်ဳိးသားေန႔ ျပဳလုပ္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၂၁

 

 (၇၁)ႏွစ္ေျမာက္ ခ်င္းအမ်ဳိးသားေန႔ကို ရွမ္း ျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္ရွိ တုိင္းလိယဥ္ ေက်းမႈ ခန္းမ၌ျပဳလုပ္ရာ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ခင္လိႈင္ႏွင့္ အဖဲြ႕ဝင္မ်ား၊ ဌာနဆုိင္ရာတာဝန္ ရွိသူမ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ ေဒသခံ တုိင္းရင္းသားျပည္သူမ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ တုိင္းမွဴးက ႏႈတ္ခြန္းဆက္စကားေျပာ ၾကားၿပီး (၇၁)ႏွစ္ေျမာက္ ခ်င္းအမ်ဳိးသားေန႔ ျဖစ္ေျမာက္ေရးအတြက္ အလွဴေငြမ်ား ေပးအပ္ရာ တာဝန္ရွိသူတစ္ဦးက လက္ခံရယူသည္။ ထုိ႔ေနာက္ တာဝန္ရွိသူတစ္ဦးက ခ်င္းအမ်ဳိး သားေန႔ျဖစ္ေပၚလာရျခင္းႏွင့္ ခ်င္းတုိင္းရင္းသားမ်ား၏ ေအာက္ခ်င္း ငွက္႐ိုးရာ အေၾကာင္းကို ရွင္းလင္းေျပာၾကားၿပီး ခ်င္း႐ိုးရာယဥ္ေက်းမႈ အဖဲြ႕မ်ားက ႐ိုးရာသီခ်င္းမ်ား၊ ဝါးညႇပ္အကမ်ား ျဖင့္ ကျပေဖ်ာ္ေျဖ ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ ပြုလုပ် 

နေပြည်တော် ဖေဖော်ဝါရီ ၂၁ 

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ရှမ်း ပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ တိုင်းလိယဉ် ကျေးမှု ခန်းမ၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက နှုတ်ခွန်းဆက်စကားပြော ကြားပြီး (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေးအတွက် အလှူငွေများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက ချင်းအမျိုး သားနေ့ဖြစ်ပေါ်လာရခြင်းနှင့် ချင်းတိုင်းရင်းသားများ၏ အောက်ချင်း ငှက်ရိုးရာ အကြောင်းကို ရှင်းလင်းပြောကြားပြီး ချင်းရိုးရာယဉ်ကျေးမှု အဖွဲ့များက ရိုးရာသီချင်းများ၊ ဝါးညှပ်အကများ ဖြင့် ကပြဖျော်ဖြေ ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News