ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ေတာ္ခလူးေက်းရြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ 

ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ေတာ္ခလူးေက်းရြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ 

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၂၂ 

 

ရန္ကုန္တုိင္းေဒသႀကီး၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ေတာ္ခလူးေက်းရြာႏွင့္ ပတ္၀န္းက်င္ ေက်းရြာမ်ားမွ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရးအဖဲြ႕က အဆုိပါေက်းရြာရွိ ရြာဦးေက်ာင္းတိုက္၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားႏွင့္ က်န္းမာေရးအသိပညာေပးေဟာေျပာ ျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ရွစ္ပါးႏွင့္ ေဒသခံျပည္သူ ၂၆၄ ဦးတုိ႔ကို ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ကေလးေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ပတ္သက္၍လိုအပ္သည့္ ေဆး၀ါး ကုသမႈမ်ားႏွင့္ ခံတြင္းကင္ဆာအေၾကာင္း က်န္းမာေရးအသိပညာေပးေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

         

ကွမ်းခြံကုန်းမြို့နယ်၊ တော်ခလူးကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် 

နေပြည်တော် ဖေဖော်ဝါရီ ၂၂ 

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခလူးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ရွာဦးကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးဟောပြော ခြင်းများ ဆောင်ရွက်ပေးသည်။ 
 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်ရှစ်ပါးနှင့် ဒေသခံပြည်သူ ၂၆၄ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့် ဆေးဝါး ကုသမှုများနှင့် ခံတွင်းကင်ဆာအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။               

Recent News