



 

(Unicode Version)

 

မြိတ်မြို့နယ်၊ ငါးအင်းကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် 

နေပြည်တော် ဖေဖော်ဝါရီ ၂၂ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပင်းအိုကျေးရွာအုပ်စု၊ ငါးအင်းကျေးရွာရှိ သံဃာတော်များနှင့် ဒေသ ခံပြည်သူများအား ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဓမ္မသုခဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်ခြောက်ပါးနှင့် ဒေသခံပြည်သူ ၁၈၅ ဦးတို့ကို သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး နှလုံးခုန်နှုန်းစစ်ဆေးပေးခြင်းနှင့် ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News