အေရွ႕အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၏ ျမန္မာ့႐ိုးရာ ထမနဲထိုး ၿပိဳင္ပြဲျပဳလုပ္ 

အေရွ႕အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၏ ျမန္မာ့႐ိုးရာ ထမနဲထိုး ၿပိဳင္ပြဲျပဳလုပ္ 

 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၂၂ 

 

အေရွ႕အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ ခိုလမ္တပ္နယ္၏ ပၪၥမအႀကိမ္ေျမာက္ ျမန္မာ့႐ိုးရာထမနဲထုိး ၿပိဳင္ပြဲကို ေဖေဖာ္ဝါရီ ၂၁ ရက္ ညေနပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္ ဓမၼာ႐ံုအနီး၌ ျပဳလုပ္ရာ တိုင္းမွဴး ဗုိလ္ခ်ဳပ္သန္းလိႈင္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဒိုင္အဖြဲ႕ဝင္မ်ားႏွင့္ ၿပိဳင္ပြဲဝင္အသင္းမ်ား တက္ေရာက္ၾကသည္။

 

 ဦးစြာ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ၿပိဳင္ပြဲဝင္ အသင္းမ်ား၏ ယွဥ္ၿပိဳင္ေနမႈမ်ားကို လိုက္လံၾကည့္႐ႈ အားေပးသည္။ ထို႔ေနာက္ ဆုရရွိသည့္ အသင္းမ်ားအား တိုင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားက ဆုမ်ားအသီးသီး ေပးအပ္သည္။ အဆိုပါ ထမနဲထုိး ၿပိဳင္ပြဲကို တိုင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ ၿပိဳင္ပြဲဝင္အသင္း ၁၂ သင္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲပြုလုပ် 

နေပြည်တော် ဖေဖော်ဝါရီ ၂၂ 

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်၏ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဓမ္မာရုံအနီး၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင် အသင်းများ၏ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။ ထို့နောက် ဆုရရှိသည့် အသင်းများအား တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်သည်။ အဆိုပါ ထမနဲထိုး ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News