(၂၆)ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ ေဆးပညာရပ္ဆုိင္ရာ ႏွီးေႏွာဖလွယ္ပြဲ က်င္းပၿပီးစီး 

(၂၆)ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ ေဆးပညာရပ္ဆုိင္ရာ ႏွီးေႏွာဖလွယ္ပြဲ က်င္းပၿပီးစီး 

 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၂၂ 

 

(၂၆)ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ ေဆးပညာရပ္ဆုိင္ရာ ႏွီးေႏွာဖလွယ္ပြဲ တတိယေန႔ကို ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္တုိင္းေဒသႀကီး၊ မဂၤလာဒံုၿမိဳ႕နယ္ရွိ တပ္မေတာ္အ႐ုိးေရာဂါ အထူးကုေဆး႐ံုႀကီး (ခုတင္-၅ဝဝ)၌ ဆက္လက္ျပဳလုပ္ရာ တပ္မေတာ္ ေဆးသုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေကာ္မတီဥကၠ႒၊ ေဆးဝန္ထမ္း ၫႊန္ၾကားေရးမွဴး ဗိုလ္ခ်ဳပ္စိုးဝင္းႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ပါရဂူမ်ား၊ ေဆးမွဴးမ်ား၊ သူနာျပဳအရာရွိမ်ား၊ သူနာျပဳ မ်ား၊ ႏုိင္ငံတကာမွ ေဆးပညာရွင္မ်ား၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ဖိတ္ၾကား ထားသူမ်ားႏွင့္ စိတ္ပါဝင္စားသူမ်ား တက္ေရာက္ၾကသည္။

 

 

 ေဆးပညာရပ္ဆုိင္ရာ ႏွီးေႏွာဖလွယ္ပြဲတြင္ Clinicopathological Conference တစ္ခု၊ Special Talk ေျခာက္ခု၊ Debate Session တစ္ခုႏွင့္ Symposium အျဖစ္ Faster Recovery with Newer Technique Rehabilitation Robotics တစ္ခု၊ Impact of Electronic Media and Games on Children တစ္ခု၊ Disaster Nursing; Looking to the past for the Preparing the future တစ္ခု၊ Update on Management of Diabetes  Mellitus တစ္ခု၊ Molecular Biology; Toward Personalized Medicine Through Multidisciplinary Approach တစ္ခုႏွင့္ Imaging and Intervention in Blunt Abdominal Trauma တစ္ခုတို႔အား ေဆြးေႏြး က်င္းပခဲ့ၾကသည္။

 

၎အျပင္ သုေတသန စာတမ္းမ်ားအျဖစ္ ဇီဝဓာတုေဗဒ၊ သြားေရာဂါ၊ သူနာျပဳပညာ၊ ေဆးပညာ၊ အဏုဇီဝေဗဒ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္း စသည့္ ဘာသာရပ္ဆုိင္ရာ သုေတသန စာတမ္း စုစုေပါင္း ၁၈ ေစာင္ ဖတ္ၾကား တင္သြင္းခဲ့ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ ေဆးသုေတသနႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရး ေကာ္မတီဥကၠ႒၊ ေဆး ဝန္ထမ္း ၫႊန္ၾကားေရးမွဴး ဗိုလ္ခ်ဳပ္စုိးဝင္းက အေကာင္းဆံုး သုေတသန စာတမ္းႏွင့္ ပိုစတာ မ်ားတြင္ ဆုရရွိသူမ်ားႏွင့္ Young Researcher Awardဆု ရရွိခဲ့သည့္ သုေတသန စာတမ္းရွင္မ်ား၊ ပုိစတာရွင္မ်ားႏွင့္ Debate Session တြင္ အႏုိင္ရရွိသူမ်ားအား ဆုမ်ား ေပးအပ္ခဲ့ၿပီး ႏွီးေႏွာဖလွယ္ပြဲ က်င္းပေရး ဆပ္ေကာ္မတီမ်ား၊ သုေတသနစာတမ္း၊ ပိုစတာ တင္သြင္းဖတ္ၾကားခဲ့သူမ်ား Clinicopatho logical Conference ႏွင့္ Clinical Session တို႔တြင္ ပါဝင္ခဲ့ၾကသူမ်ားအား တာဝန္ရွိသူမ်ားက ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားကို ေပးအပ္ခဲ့ၾကသည္။ 

 

ဆက္လက္၍ တပ္မေတာ္ ေဆးသုေတသနႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရး ေကာ္မတီ ဥကၠ႒၊ ေဆးဝန္ထမ္း ၫႊန္ၾကားေရးမွဴး ဗိုလ္ခ်ဳပ္စုိးဝင္းက အမွာစကားေျပာၾကားကာ (၂၆)ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ ေဆးပညာရပ္ဆုိင္ရာ ႏွီးေႏွာဖလွယ္ပြဲကို ေအာင္ျမင္စြာ က်င္းပၿပီးစီး ခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

(၂၆)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး 

နေပြည်တော် ဖေဖော်ဝါရီ ၂၂ 

(၂၆)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅ဝဝ)၌ ဆက်လက်ပြုလုပ်ရာ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြု များ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖိတ်ကြား ထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။ 

ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် Clinicopathological Conference တစ်ခု၊ Special Talk ခြောက်ခု၊ Debate Session တစ်ခုနှင့် Symposium အဖြစ် Faster Recovery with Newer Technique Rehabilitation Robotics တစ်ခု၊ Impact of Electronic Media and Games on Children တစ်ခု၊ Disaster Nursing; Looking to the past for the Preparing the future တစ်ခု၊ Update on Management of Diabetes  Mellitus တစ်ခု၊ Molecular Biology; Toward Personalized Medicine Through Multidisciplinary Approach တစ်ခုနှင့် Imaging and Intervention in Blunt Abdominal Trauma တစ်ခုတို့အား ဆွေးနွေး ကျင်းပခဲ့ကြသည်။ 

၎င်းအပြင် သုတေသန စာတမ်းများအဖြစ် ဇီဝဓာတုဗေဒ၊ သွားရောဂါ၊ သူနာပြုပညာ၊ ဆေးပညာ၊ အဏုဇီဝဗေဒ၊ နား/နှာခေါင်း/ လည်ချောင်း စသည့် ဘာသာရပ်ဆိုင်ရာ သုတေသန စာတမ်း စုစုပေါင်း ၁၈ စောင် ဖတ်ကြား တင်သွင်းခဲ့ကြသည်။ ထို့နောက် တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဆေး ဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းက အကောင်းဆုံး သုတေသန စာတမ်းနှင့် ပိုစတာ များတွင် ဆုရရှိသူများနှင့် Young Researcher Awardဆု ရရှိခဲ့သည့် သုတေသန စာတမ်းရှင်များ၊ ပိုစတာရှင်များနှင့် Debate Session တွင် အနိုင်ရရှိသူများအား ဆုများ ပေးအပ်ခဲ့ပြီး နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဆပ်ကော်မတီများ၊ သုတေသနစာတမ်း၊ ပိုစတာ တင်သွင်းဖတ်ကြားခဲ့သူများ Clinicopatho logical Conference နှင့် Clinical Session တို့တွင် ပါဝင်ခဲ့ကြသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြသည်။ 

ဆက်လက်၍ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းက အမှာစကားပြောကြားကာ (၂၆)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News