
 





 

(Unicode Version)

 

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော လက်လုပ်နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ 

နေပြည်တော် ဖေဖော်ဝါရီ ၂၂ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊တောင်ရွာကျေးရွာနေ ရော်ဘီဟူဆောင်း(ဘ) အာလီဟူဆောင်းနှင့် အာနန်ဒူလာ(ဘ)အဘူကူလောင်တို့ နှစ်ဦးသည် ဖေဖော်ဝါရီ၂၁ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် တောအတွင်း ထင်းခုတ်ရာမှပြန်လာစဉ် တောင်ရွာကျေးရွာ၏အရှေ့တောင်ဘက် မီတာ ၁၀၀၀ခန့်အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသောနင်းမိုင်း တစ်လုံးအား ရော်ဘီဟူဆောင်းမှ နင်းမိ ပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။ 

အဆိုပါမိုင်းထိလူနာအား ဘူးသီးတောင်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးဝါး ကုသမှုခံယူစေ လျက်ရှိ ကြောင်း သတင်းရရှိသည်။ 

Recent News