တပ္မေတာ္ပင္လယ္သြား ေဆး႐ံုေရယာဥ္(သံလြင္)မွ တပ္မေတာ္နယ္လွည့္ အထူးကုေဆးအဖြဲ႕ ဘုတ္ျပင္းၿမိဳ႕နယ္၊ ကမ္းေတာေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္

တပ္မေတာ္ပင္လယ္သြား ေဆး႐ံုေရယာဥ္(သံလြင္)မွ တပ္မေတာ္နယ္လွည့္ အထူးကုေဆးအဖြဲ႕ ဘုတ္ျပင္းၿမိဳ႕နယ္၊ ကမ္းေတာေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ 

 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၂၂ 

 

တနသၤာရီတုိင္းေဒသႀကီး အတြင္းသို႔ တပ္မေတာ္ပင္လယ္သြား ေဆး႐ံုေရယာဥ္ (သံလြင္)ျဖင့္ ေရာက္ရွိေနေသာ တပ္မေတာ္နယ္လွည့္ အထူးကုေဆးအဖဲြ႕သည္ ယေန႔တြင္ ဘုတ္ျပင္းၿမိဳ႕နယ္၊ ကမ္းေတာေက်းရြာရွိ ေဒသခံျပည္သူ ၆၈၃ ဦးကို အဆုိပါ ေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့သည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈဆုိင္ရာ ေရာဂါ ၁၇၂ ဦး၊ ခဲြစိတ္ေရာဂါ ၆၁ ဦး၊ သားဖြား/မီးယပ္ေရာဂါ ၇၂ ဦး၊ ကေလးေရာဂါ ၅၇ ဦး၊ အ႐ိုးေရာဂါ ၇၅ ဦး၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ ၅၆ ဦး၊ မ်က္စိေရာဂါ ၁၁၅ ဦးႏွင့္ သြားေရာဂါ ၇၅ ဦးတုိ႔ကို လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးႏိုင္ခဲ့ၿပီး ၎တုိ႔အနက္ အေထြေထြ ခဲြစိတ္လူနာ ၁၁ ဦး၊ မ်က္စိခဲြစိတ္လူနာ ၂၁ ဦးတုိ႔ကို ေဆး႐ံုေရယာဥ္ေပၚ၌ ခဲြစိတ္ကုသေပးသည္။ 

 

ထုိ႔ျပင္ ဓာတ္မွန္႐ိုက္လူနာ ၁ဝ ဦး၊ တယ္လီေဗးရွင္း ဓာတ္မွန္႐ိုက္လူနာ ၁၅ ဦး၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ လူနာရွစ္ဦးႏွင့္ ဓာတ္ခြဲ စမ္းသပ္လူနာ ၂၅ ဦး၊ ကြန္ပ်ဴတာဓာတ္မွန္႐ိုက္ လူနာတစ္ဦးတုိ႔ကို ေရာဂါရွာေဖြ စမ္းသပ္ျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူခုနစ္ဦးအား ေဆး႐ံုေရယာဥ္ေပၚ၌ တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ကမ်းတောကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် 

နေပြည်တော် ဖေဖော်ဝါရီ ၂၂ 

တနင်္သာရီတိုင်းဒေသကြီး အတွင်းသို့ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ကမ်းတောကျေးရွာရှိ ဒေသခံပြည်သူ ၆၈၃ ဦးကို အဆိုပါ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၇၂ ဦး၊ ခွဲစိတ်ရောဂါ ၆၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၇၂ ဦး၊ ကလေးရောဂါ ၅၇ ဦး၊ အရိုးရောဂါ ၇၅ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၅၆ ဦး၊ မျက်စိရောဂါ ၁၁၅ ဦးနှင့် သွားရောဂါ ၇၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေ ခွဲစိတ်လူနာ ၁၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၂၁ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်၌ ခွဲစိတ်ကုသပေးသည်။ 

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁ဝ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာရှစ်ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၂၅ ဦး၊ ကွန်ပျူတာဓာတ်မှန်ရိုက် လူနာတစ်ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူခုနစ်ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News